Wednesday, September 9, 2015

"သင့်ချစ်သူ အမျိုးသားဟာ ဒီအချက် (၅) ချက်ကို ပြုမူုလုပ်ဆောင်တတ်သူဆိုရင် သူဟာ လူမှုအသိုင်းအ၀ိုင်းနဲ့ လုံးဝအဆင်မပြေ၊ ဆိုက်ကိုတစ်ယောက်သာဖြစ်"


"သင့်ချစ်သူ အမျိုးသားဟာ ဒီအချက် (၅) ချက်ကို ပြုမူုလုပ်ဆောင်တတ်သူဆိုရင် သူဟာ လူမှုအသိုင်းအ၀ိုင်းနဲ့ လုံးဝအဆင်မပြေ၊ ဆိုက်ကိုတစ်ယောက်သာဖြစ်"

ကိုယ့်ချစ်သူကို ဘယ်လောက်ချစ်ချစ် သူနဲ့ ပတ်သက်ပြီး လျစ်လျူမရှုထားသင့်တဲ့ အရာတွေ၊ သည်းမခံသင့်တဲ့ အရာတွေ ရှိနေပါတယ်။ ကိုယ်က သူ့ကို ဘယ်လောက်ပဲ သံယောဇဉ်ရှိနေ ရှိနေ တစ်သက်လုံး လက်တွဲသွားဖို့ ဆုံးဖြတ်ထားရင်တောင်မှ တစ်ချို့အခြေအနေတွေက သင် သူ့ကို လက်လွှတ်သင့်တယ်ဆိုတာ အတိအကျ ထောက်ပြနေပါတယ်။ လူတစ်ယောက်မှာ သူ့အကျင့်စာရိတ္တ၊ အပြုအမူ၊ အနေအထိုင်၊ ကိုယ့်အပေါ် သူဘယ်လိုဆက်ဆံသလဲ ဆိုတာတွေကို ကြည့်ရုံနဲ့ ဒီလူဟာ လူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းနဲ့ ၀င်ဆံ့မယ့်သူလားဆိုတာ သိနေနိုင်ပါပြီ။ အဲ့ထက်ဆိုးတာကတော့ ဒီလူဟာ ဆိုက်ကိုဖောက်တဲ့အဆင့်ထိ ရောက်နေတတ်သလား ဆိုတာမျိုးကို ဒီအချက် (၅) ချက်က ပြောပြပေးပါလိမ့်မယ်။

၁။ သင့်ချစ်သူဟာ စိတ်တိုတာမြန်တယ်၊ ဒါ့အပြင် ဒေါသနည်းနည်းထွက်တာနဲ့ အော်တတ်တယ်၊ ပစ္စည်းတွေ ကောက်ပေါက်တတ်တယ်။

လူတိုင်းကတော့ စိတ်တိုစိတ်ဆိုးတာ ရှိတတ်ကြပါတယ်။ ဒါပေမယ့် သူများနဲ့မတူတာက သူများတွေထက်ကို ဒေါသထွက်လွယ်မယ်။ ဒေါသကို မထိန်းနိုင်ပဲ အော်ဟစ်ပေါက်ကွဲတာမျိုးတွေ ရှိမယ်၊ ဒါ့အပြင် ဘေးနားကရှိသမျှ ပစ္စည်းတွေကို ကောက်ပေါက်တတ်တယ်။ ဒီလိုမျိုး ခဏခဏ ဖြစ်လာတာမျိုးဟာ သင့်အချစ်ရေးကို ပျက်စီးစေမယ့် လမ်းစပါ။ အထူးသဖြင့် ရေရှည်သွားမယ့် အတွဲတွေအနေနဲ့ ပိုလို့တောင် လက်ခံနိုင်ဖွယ် မရှိဘူးဆိုတာ သိရပါမယ်။

၂။ သင့်ချစ်သူဟာ သင်မသိတဲ့ လျို့ဝှက်ချက်တွေ ရှိနေပြီး၊ လိမ်ညာတတ်တဲ့ အကျင့်လေးတွေရှိတယ်။

ချစ်သူနှစ်ဦးဆိုတာ တစ်ယောက်နဲ့တစ်ယောက် ရိုးသားမှုမရှိရင် အဲ့ဒီအချစ်ရေး မခိုင်မြဲပါဘူး။  နှစ်ဦးသား ညှိနှိုင်းရမယ့်အပိုင်းလေးတွေ ရှိနေရင်တောင် တစ်ဖက်လူက လိမ်ညာတတ်မယ်၊ ဖုံးကွယ်ဖို့ ကြိုးစားနေမယ်ဆိုရင် ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ပါဘူး။ လူတစ်ယောက်မှာ ကိုယ့်အကြောင်းကို ထိန်းထိန်းသိမ်းသိမ်း နေရမယ့်အပိုင်းရှိပေမယ့် လျှို့ဝှက်တာကတော့ တစ်မျိုးဖြစ်သွားပါပြီ။ လိမ်ညာတာကတော့ ပိုဆိုးပါတယ်။

၃။ သင့်ချစ်သူဟာ တစ်နေ့တစ်မျိုးနဲ့ အပြောင်းအလဲများတယ်။

ချစ်သူနဲ့ အဆင်ပြေပြေလေးရှိနေလို့ ပျော်မယ်မကြံသေးဘူး။ နောက်တစ်ရက်မှာ သူဟာ ဘာကိုမှ စိတ်မ၀င်စားတော့သလို ပုံမျိုး ဖြစ်နေပြန်ရော။ သူ့ဆီမှာ သူ့အလုပ်၊ မိသားစုရေး စတဲ့ အကြောင်းအရာတွေကြောင့် စိတ်ပျက်ရတာ၊ စိတ်ဓာတ်ကျရတာမျိုးလည်း မရှိပဲ ချက်ချင်းကြီး ကိုယ့်ကို ပြန်ခွာသလို နေပြတာမျိုး၊ သူ့ဘာသာ အတင်း ပြန်လာရောတာမျိုးတွေဟာ သင့်ချစ်သူရဲ့ စိတ်ထားကို သတိပြုမိစေဖို့ အဓိကအချက်တွေပဲပေါ့။

၎။ သင့်ချစ်သူဟာ သင် ဘာတွေလုပ်နေသလဲဆိုတာ အားလုံးလိုတာထက် ပိုသိချင်စိတ် ကြီးနေတယ်။

ကိုယ့်ချစ်သူကို ဒီနေ့ ဘယ်တွေသွားလဲ၊ ဘာတွေလုပ်သလဲဆိုတာ မေးမြန်းခြင်းဟာ ချစ်သူတွေအတွက် မထူးဆန်းပါဘူး။ ဒါပေမယ့် သူကတော့ လိုတာထက်ပို အတိအကျမေးတတ်သူ ဖြစ်ပါလိမ့်မယ်။ တစ်နေ့စာ အတိအကျ ပြောပြပေးရင်တောင် နောက်နေ့အတွက် သင့်အစီအစဉ်တွေကို အတိအကျ သိချင်ပါလိမ့်မယ်။ တစ်ခါတစ်လေ အဲ့ဒီကနေ စိတ်မကြည်ရင် မကြည်သလို ပြသနာရှာချင် ရှာနေဦးမှာပါ။

၅။ သင့်ချစ်သူဟာ ငါမှားသွားလို့ တောင်းပန်တယ်ဆိုတာမျိုး သင့်ကို ဘယ်တော့မှ မပြောဘူး။

တကယ်လို့များ သင့်ချစ်သူဟာ သူ ဘယ်လောက်အမှားတွေ လုပ်နေပါစေ။ သင့်ကို ဘယ်တော့မှ မှားသွားလို့ တောင်းပန်တယ်ဆိုတာမျိုး မပြောဘူး၊ သူ့အမှားကို သင် ခွင့်လွှတ်ပေးရင်တောင် သင့်အပေါ် သူ ကျေးဇူးတင်စကား တစ်ခွန်းမပြောဘူးဆိုရင် ဒါဟာ သင့်ချစ်သူ တော်တော်လွဲတဲ့သူလို့သာ မှတ်ပါ။ ဒီလိုအခြေအနေမျိုးနဲ့ ဆက်သွားမယ်ဆိုရင် သင်ဟာ တစ်ချိန်မှာ နောင်တအကြီးကြီး ရပါလိမ့်မယ်။

မေသော်

Credit: Trend Myanmar

No comments:

Post a Comment