"အုန်းစားကြည့်မယ်"
အောက်ပါ မေးခွန်းကို ဖြေကြည့်ပါ၊ သာမန်လူနဲ့ စိတ္တဇ လူသတ်သမားကို အဲလို မေးခွန်းနဲ့ ခွဲခြားနိုင်ပါတယ်။ အဲလို မေးခွန်းမျိုးဟာ ပုံမှန်လူဆို ရိုးရှင်းလှတဲ့ အဖြေလေးကို ဘယ်လိုမှ စဉ်းစားလို့ မရပါဘူး။ စိတ္တဇ လူသတ်သမား တစ်ဦးကတော့ အဲဒီ မေးခွန်းထဲက စိတ္တဇ လူသတ်သမားက ဘာလို့ သတ်သလဲ ဆိုတာကို နားလည်တော့ ချက်ခြင်း အဖြေပေးနိုင်ပါတယ်။
"မြို့တစ်မြို့မှာ အဖိုးကြီး တစ်ယောက်ရယ် သူ့သမီး နှစ်ယောက်ရယ် ရှိကြတယ်။ တစ်နေ့ကျတော့ အဖိုးကြီး ဆုံးသွားပါတယ်။ အဲလိုနဲ့ အသုဘ အခမ်းအနားနေ့ ရောက်လာပါတယ်။ အသုဘ အခမ်းအနားနေ့မှာ အဖိုးကြီးရဲ့သမီး ညီအစ်မ နှစ်ယောက်ထဲက အငယ်ဟာ အင်မတန် ရုပ်ရည်ချောမောခံ့ညားတဲ့ အမျိုးသားတစ်ယောက်ကို တွေ့ခဲ့ပါတယ်။ အသုဘဟာ ချောချောမောမောပဲ ပြီးသွားပါတယ်။ နောက် အမွေတွေ ဘာတွေ ခွဲကြ၊ အဲဒါလည်း ညီအမနှစ်ယောက် ကျေကျေနပ်နပ်၊ အေးအေးဆေးဆေးပဲ။ ဒါပေမဲ့ အဲဒီ အသုဘ ပြီးသွားလို့ နှစ်ပတ်လောက် ကြာတဲ့အခါမှာ ညီမအငယ်က သူ့အမကို သတ်ပစ်လိုက်ပါတယ်။ အဲဒါ ဘာကြောင့်ပါလဲ…"
၁။ အဖိုးကြီးရဲ့ အမွေကိစ္စနဲ့ ပတ်သက်လို့လည်း ဘာမှပြောစရာ မလိုပါဘူး။ ညီအစ်မနှစ်ယောက်မှာ အမွေကိစ္စနဲ့ပတ်သက်ပြီး ဘာမှ ကတောက်ကဆ ဖြစ်ခဲ့တာမရှိပါဘူး။ ဒါ့အပြင် အဲဒီရက်ပိုင်းမှာ ညီအမနှစ်ယောက် ဘာပြဿနာမှ မဖြစ်ခဲ့ကြပါဘူး။
၂။ အဲဒီ ရုပ်ရည်ချောမောခံ့ညားတဲ့ အမျိုးသား ဧည့်သည်ဆိုတာဟာ အဲဒီ ညီအစ်မနှစ်ယောက်စလုံး တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး။ အဲဒီ အသုဘ ပြီးသွားတဲ့နောက်မှာလည်း တစ်ခါမှ ပြန်မတွေ့ရတော့ပါဘူး။ အဲဒီတော့ အဲဒီ တစ်ယောက်ကို လုရင်း သတ်ကြတယ် ဆိုတာဟာလည်း မဖြစ်နိုင်တော့ပါဘူး။
၃။ အငယ်မလေးက အဲဒီ ဧည့်သည်ယောက်ျားကို စွဲလမ်းသွားပြီး ဂယောင်ချောက်ခြား အိပ်မက်တွေ မက်ရာက အဲဒီလူနဲ့ သူ့အမနဲ့ ကြိုက်နေကြပါတယ်လို့ တွေးကာ စိတ်ဖောက်ပြီး သူ့အမကို ထသတ်တာလည်း မဟုတ်ပါဘူး။
အဖြေကို အရင် ဖြေကြည့်ကြပါ။ အောက်မှာ ပေးထားတဲ့ အဖြေနဲ့ ပြန်ကိုက်ကြည့်ပါ။ အဖြေကို ဖြေလိုက်တဲ့ လူရဲ့နောက်မှာ ရပ်ကြည့်နေတဲ့လူတွေ သတိထားပါ။ သူဖြေတာ အောက်က အဖြေနဲ့ ကိုက်နေပြီ ဆိုလို့ကတော့ Run for your life ပဲဗျို့။ အဲဒါ စိတ္တဇလူသတ်သမားပဲ။
အဖြေကတော့ ဘာမှ ခက်ခက်ခဲခဲ မဟုတ်ပါဘူး။ အဖြေကိုအရင်မကြည့်ပဲ ကြိုးစားဖြေကြည့်ပါ။
………
………
………
………
………
………
………
………
………
………
………
………
………
………
………
………
………
………
………
အဖြေ= "အဲဒီ အငယ်မလေးက အဲဒီ ယောက်ျားကို ထပ်တွေ့ချင်လို့ သူ့အမကို သတ်လိုက်တာပါ။ ဒီလူက အသုဘအခမ်းအနားမှာ လာသွားခဲ့တယ်။ သူ့ကို ဆက်သွယ်ဖို့ လိပ်စာလည်း မသိတော့ နောက် အသုဘ တစ်ခုရှိရင် သူလာဦးမှာပဲ ဆိုပြီး လုပ်လိုက်တာပါ။"
Credit: ဖြိုးဇာနည်
Sunday, September 27, 2015
"အုန်းစားကြည့်မယ်"
Labels:
ဟာသ
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment