"ယောက်ျားလေးဆန်သော မိန်းကလေးလား"
ကိုယ့်ကိုကိုယ် ယောက်ျားဆန်တယ်လို့ ထင်နေလား။
လူမှာ ယောင်္ကျားလေး ဦးနှောက်၊ မိန်းကလေး ဦးနှောက် ဆိုတာရှိပါတယ်။ ကိုယ်ကတော့ ဘယ်လိုဖြစ်မလဲ။ ဒါဆိုရင် အောက်ကမေးခွန်းလေးတွေကိုက မှန်ရင် မှတ်ထားလိုက်ပါ။
အဖြေကတော့ အောက်မှာ ဆက်ဖတ်ကြည့်လိုက်ပါ။
1 လက်သူကြွယ်က လက်ညိုးထက် ရှည်တယ်
2 အလိုက်မသိပါ
3 အချစ်ရေးထက် အလုပ် ပြသာနာတွေကိုသာ တွေးနေတတ်တယ်
4 မြေပုံဖတ်တာ တော်တယ်
5 စိတ်ညစ်နေတဲ့သူကို အကြံပေးတဲ့နေရာမှာ တော်တယ်
6 ဖုန်း App ဆိုရင် သိပ်ကြိုက်တယ်
7 မိန်းကလေးတွေနဲ့ သွားလာရတာကို မကြိုက်ပါ
8 ပစ္စည်းလေးတွေကို စုရတာ၊ ဝါသနာ တစ်ခုပါ
9 တစ်ယောက်တည်း သွားလာရတာကို ပျော်တယ်
10 စိတ်ကူးယဉ်တာထက် လက်တွေ့ဘဝကို ပိုပြီး ကြိုက်တယ်
ကဲ ကိုယ်ဘယ်နှစ်ခု မှန်တယ်ဆိုတာကို မှတ်ထားပြီး အဖြေရှာလိုက်နော်။
1 ~ 2 ခု ဆိုရင် ယောက်ျားဦးနှောက် (10%)
သူကတော့ မိန်းကလေးဦးနှောက် ပိုင်ရှင်ပါ။ ကြိုက်တယ်မကြိုက်ဘူးဆိုတာကို ပြတ်ပြတ်သားသား ပြောနိုင်သူပါ။ လှတယ်၊ ချစ်စရာကောင်းတယ် စသည်ဖြင့် စိတ်ထဲတွေ့တာကို ချက်ချင်း ပြောတတ်တဲ့အတွက် ခေတ်ရေစီးကြောင်းကို အမှီလိုက်မဲ့သူပါ။ စကားပြောကောင်းတာကြောင့် လူချစ်လူခင် ပေါပါလိမ့်မယ်။ ဒါပင်မဲ့ ပတ်ဝန်းကျင်အကြောင်းကို စိတ်ထဲမှာ အမြဲရှိနေပြီး ကိုယ့်ကို ဘယ်လိုထင်သလဲ ဆိုတာကိုပဲ တွေးနေတတ်တယ်။
3 ~ 4 ခု ဆိုရင် ယောက်ျားဦးနှောက် (45%)
သူတပါးကို စာနာထောက်ထားတတ်သူပါ။ ယောက်ျားဦးနှောက်ပိုင်ရှင်လားဆိုတော့ မဟုတ်ပါ။ မိန်းကလေးအချင်းချင်းဆိုရင်လည်း အားလုံးကို ထိန်းသိမ်း ဦးဆောင်ပေးမဲ့သူပါ။ ဒါပင်မဲ့ ပြိုင်ဘက်များတဲ့ အလုပ်ခွင်မှာဆိုရင်တော့ စိတ်ပင်ပန်းပြီး ကိုယ့်ရဲ့အရည်အချင်းက ထင်သလောက် မအောင်မြင်နိုင်ပါ။ အချစ်ရေးမှာ အဆင်မပြေလည်း အလုပ်ခွင်မှာ မပျော်တတ်တော့ပါ။ သူ့စိတ်နဲ့ကိုက်တဲ့နေရာဆိုရင် အားလုံး အဆင်ပြေပါလိမ့်မယ်။
5 ~ 7 ခု ဆိုရင် ယောက်ျားဦးနှောက် (65%)
သူကတော့ ယောင်္ကျားလေးဆန်သူပါ။ ဒါကြောင့် မိန်းကလေးတွေရဲ့ စိတ်အခြေအနေ တစ်ခုပဲမဟုတ် ယောက်ျားလေးတွေရဲ့ စိတ်အခြေအနေကိုပါ နားလည်ပေးမဲ့သူပါ။ အလုပ်ခွင်မှာလည်း အလုပ်လုပ်တာ မြန်ဆန်သွက်လက်ပြီး ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းမွန်သူပါ။ အားလုံးကို ကောင်းကောင်း ထိန်းချုပ်နိုင်တာကြောင့် ယုံကြည်မှုကိုလည်း ရရှိနေသူပါ။ အချစ်ရေးမှာလည်း ဘာမှ ပြသာနာမရှိပါ။ အလုပ်များလာရင်တော့ အချစ်ရေးကို ခဏဘေးချိတ်တက်တာကြောင့် ရည်းစားမရှိတဲ့ အချိန်တွေလည်း နည်းတော့မှာ မဟုတ်ပါ။
8 ~ 10 ခု ဆိုရင် ယောင်္ကျားဦးနှောက် (90%)
သူကတော့ တကယ်ကို ယောက်ျားဆန်သူပါ။ အားလုံးကို သေသေချာချာတွေးတောပြီးမှ ဆုံးဖြတ်တတ်သူပါ။ ဘာကိစ္စမဆို အေးအေးဆေးဆေး တွေးတော ကြံဆတတ်သူပါ။ ဘေးပတ်ဝန်းကျင်က ဘာတွေပြောပြော ကိုယ့်လမ်းကိုယ် လျှောက်နေသူပါ။ အလုပ်မှာလည်း အောင်မြင်နေသူ ဖြစ်ပါလိမ့်မယ်။ ဒါပင်မဲ့ မိန်းကလေးတွေဘက်က ကြည့်ရင်တော့ အေးတိအေးဆက်နဲ့ အဆင်မပြေပါ။ တဖက်သားကို နားလည်ပေးရန် လိုအပ်ပါလိမ့်မယ်။
ယောင်္ကျားလေး ဦးနှောက်ပိုင်ရှင်နဲ့ မိန်းကလေး ဦးနှောက်ပိုင်ရှင်ဟာ တွေးခေါ်နည်းကိုက တူညီမှာ မဟုတ်တဲ့အတွက် တစ်နေရာတည်းကို ကြည့်နေရင်လည်း မြင်ရတာချင်းကတော့ တူမှာမဟုတ်ပါ။
Credit: ChelmoTeam
Tuesday, September 8, 2015
"ယောက်ျားလေးဆန်သော မိန်းကလေးလား"
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment