Tuesday, September 15, 2015

"Facebook တွင် post များကို dislike လုပ်နိုင်တော့မည်"


"Facebook တွင် post များကို dislike လုပ်နိုင်တော့မည်"

ကမ္ဘာ့အကြီးဆုံး လူမှုကွန်ယက်ဖြစ်သည့် Facebook ပေါ်တွင် post များကို dislike လုပ်ခွင့်ရတော့မည်ဖြစ်ကြောင်း ကုမ္ပဏီစီအီးအို ဇူကာဘတ်က ပြောကြားလိုက်သည်။ Facebook ရုံးချုပ်တွင်ပြုလုပ်သည့် အမေးအဖြေအစီအစဉ်တွင် မာ့ခ်ဇူကာဘတ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

Facebook စတင်တည်ထောင်ကာစကပင် post များအတွက် like လုပ်ရန်သာပါရှိပြီး dislike လုပ်ရန်အတွက် မပါရှိခဲ့ပေ။ facebook အသုံးပြုသူများသည် လွန်ခဲ့သည့် နှစ်များကတည်းကပင် dislike ပြုလုပ်ပေးရန် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်ဟု မာ့ခ်ဇူကာဘတ်က ဆိုသည်။ ယခုအခါ dislike ခလုပ်ကို အသုံးပြုနိုင်ရန် အလွန်နီးစပ်နေပြီ ဖြစ်သည်။ ကုမ္ပဏီက စမ်းသပ်နေဆဲကာလတွင် ရှိနေပြီး မကြာခင် အသုံးပြုနိုင်တော့မည်ဟု သိရသည်။ ယခင်က dislike လုပ်ရန်အတွက် ထည့်သွင်းမထားရခြင်းမှာ Facebook သည် လူတစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုကို ဦးတည်သောကြောင့် ဖြစ်သည်ဟု လွန်ခဲ့သည့်နှစ်များက ကုမ္ပဏီဘက်မှ ပြောကြားခဲ့ဖူးသည်။ သို့သော် အခြားသူများ၏ ဝမ်းနည်းစရာကောင်းသည့်၊ စိတ်မချမ်းမြေ့ဖွယ်ကောင်းသည့် post များတွင် dislike လုပ်ရန် ကုမ္ပဏီဘက်မှ စီစဉ်ပေးသင့်သည်ဟု ထောက်ပြမှုများ ရှိလာသောကြောင့် ပြောင်းလဲ စဉ်းစားလာခဲ့ခြင်းဖြစ်သည်။

တစ်စုံတစ်ဦး၏ post သည် အကောင်းမြင်စရာ မဟုတ်သည့်အခါ သို့မဟုတ် မိတ်ဆွေသူငယ်ချင်း၏ ဆုံးရှုံးမှုကိုစာနာကြောင်း ပြလိုသည့်အခါ dislike ခလုပ်ကို နှိပ်နိုင်မည်ဖြစ်သည်။

source - bbc

Credit: Planet

No comments:

Post a Comment