Tuesday, September 15, 2015

"ကိုယ့်အနား အမြဲရှိစေချင်သူ"


"ကိုယ့်အနား အမြဲရှိစေချင်သူ"

အချစ်ဆိုတာ ထင်သလောက် လွယ်မယ်လို့ မထင်ပါ။
သူစိမ်းနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်ကို နားလည်ခွင့်လွှတ်ပြီး ဘဝတစ်ခုကို တည်ဆောက်သွားတဲ့နေရာမှာ ကိုယ်ရဲ့ အချစ်စစ်ဆိုတာ ဘယ်သူဖြစ်မလဲ။ ကိုယ့်အနားမှာ အမြဲတမ်းရှိစေချင်တဲ့သူက ဘယ်လို လူမျိုးပါလိမ့် ....

၁။ ယဉ်ကျေး သိမ်မွေ့သူ
ဘယ်လောက်ပဲလှလှ လူတွေလေးစားလောက်တဲ့ အကျင့်သိက္ခာမရှိသူကို ယောက်ျားလေးတစ်ယောက်အနေနဲ့လည်း အတူတူ မနေချင်ပါ။ လိမ္မာတရားမရှိသူဟာ သူစိမ်းတစ်ယောက်ကို ဆက်ဆံနေချိန်မှာ မတူသလို မတန်သလို ဆက်ဆံတတ်ပါတယ်။ ဒီလိုလူမျိုးနဲ့ အတူတူရှိနေရင်လည်း စိတ်ချမ်းသာမှာ မဟုတ်ပါ။ အမြဲတမ်း အနားမှာရှိစေချင်သူဆိုတာ ယဉ်ကျေးသိမ်မွေ့ပြီး ကိုယ်ချင်းစားတရားကို လက်ကိုင်ထားသူသာ ဖြစ်ပါလိမ့်မယ်။

၂။ အကောင်းဘက်မှသာ တွေးတောတတ်သူ
တွေ့လိုက်ရင် အတင်းတွေပြော၊ စိတ်ညစ်စရာတွေကို ပြောနေသောသူကို ဘယ်သူက သူ့နားမှာ နေချင်မှာလဲ။ အမြဲတမ်း မကောင်းဘက်မှတွေးပြီး လူတွေကို အပြစ်မြင်နေသူကို လက်တွဲရန် ခက်ခဲပါလိမ့်မယ်။ ယောက်ျားလေးတွေက အနားမှာရှိစေချင်သူဆိုတာ အမြဲတမ်း ကိုယ့်ကျင့်တရား လက်ကိုင်ထားပြီး အကောင်းဘက်မှသာ တွေးတောကြံဆနိုင်သူ ဖြစ်ပါလိမ့်မယ်။

၃။ တဖက်သားကို နားလည်အောင် ကြိုးစားသူ
တဖက်သားကို နားလည်အောင် ကြိုးစားသူကို ယောက်ျားလေးတွေကလည်း တန်ဖိုးထားတတ်ပါတယ်။ သူ့ကို စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေကိုလည်း မိန်းကလေးကသာလျှင် ပေးသွားနိုင်မှာပါ။

၎။ အခြေအနေနဲ့ အချိန်အခါကို နားလည်သူ
အလုပ်ကပင်ပန်းနေချိန်မှာ ဘယ်သွားချင်တယ်၊ ဒါလုပ်ချင်တယ် စသည်ဖြင့် အနားမှာ ပေါက်ပေါက်ဖောက်နေရင်တော့ ဘယ်ယောက်ျားလေးမှ ကပ်မှာမဟုတ်ပါ။ ပင်ပန်းနေချိန်မှာ ဘာကြောင့်လဲဆိုတာကို မေးပေးနိုင်ရင် သူတို့အတွက်လည်း စိတ်သက်သာရာ ရမှာပါ။

၅။ ကျေးဇူးတင်စကားကို ပြောနိုင်သောသူ
ရိုးသားဖြုစင်သော နှလုံးသားကို ပိုင်ဆိုင်သော မိန်းကလေးဟာ ကျေးဇူးတင်တယ်။ စိတ်မရှိပါနဲ့ ဆိုတဲ့ စကားနှစ်မျိုးကို ကောင်းကောင်း အသုံးချတတ်သူပါ။ ယောက်ျားလေးဖြစ်သူကနေ လက်ဆောင်ပဲရရ၊ ကျေးဇူးတင်သင့်ချိန်မှာ ကျေးဇူးတင်စကား၊ ရန်ဖြစ်လို့ ဆိုရင်လည်း ခွင့်လွှတ်ပါ ကို ရဲရဲပြောနိုင်သောသူဖြစ်ရင် အကောင်းဆုံးပါ။
ကဲ အပေါ်က အချက်လေးတွေကို လိုက်နာလိုက်ရင် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေ ပိုမိုပြီး တိုးတက်လာမှာပါ။

Credit: ChelmoTeam

No comments:

Post a Comment