Thursday, September 24, 2015

"ခြေထောက်နှစ်ဖက်လုံးဆုံးရှုံးပြီးနောက် ရေကူးချန်ပီယံဖြစ်လာတဲ့ တရုတ်နိုင်ငံက ‘ဘတ်စကတ်ဘောကောင်မလေး’ "


"ခြေထောက်နှစ်ဖက်လုံးဆုံးရှုံးပြီးနောက် ရေကူးချန်ပီယံဖြစ်လာတဲ့ တရုတ်နိုင်ငံက ‘ဘတ်စကတ်ဘောကောင်မလေး’ "

ယာဉ်မတော်တဆမှုမှာ ခြေထောက်နှစ်ဖက်လုံး ဆုံးရှုံးခဲ့ရသည့်တိုင် သူမရဲ့အနာဂတ်ကို ပုံဖော်ဖန်တီးနေတဲ့ တရုတ်ပြည်က ကလေးမလေးတယောက်ရဲ့ ဇာတ်လမ်းဟာ တစ်ကမ္ဘာလုံးက မသန်စွမ်းလူတွေရဲ့ စိတ်ဓာတ်ကို တွန်းအားပေးနိုင်တဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာပါတယ်။

တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ Yunnan စီရင်စု၊ Qian Hongyan ဆိုသူ ကလေးမလေးတစ်ယောက် ဘတ်စကတ်ဘော ဘောလုံးတစ်လုံး အကူအညီနဲ့ သွားလာနေတဲ့ပုံကို ဓာတ်ပုံရိုက်ကူးခဲ့ပြီးနောက်မှာ ဒီသတင်းဟာ ၂၀၀၅ ခုနှစ်ရဲ့ ခေါင်းကြီးသတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။ ဒီနေ့မှာတော့၊ အဆိုပါကလေးမလေးဟာ မသန်စွမ်းအိုလံပစ်မှာ ရွှေတံဆိပ်ယူမယ့် အိပ်မက်တွေနဲ့ ရေကူးချန်ပီယံတစ်ယောက် ဖြစ်လာပါပြီ။

၂၀၀၉ ခုနှစ်မှာ၊ ရည်မှန်းချက်ကြီးတဲ့ မသန်စွမ်းကောင်မလေးဟာ တရုတ်နိုင်ငံ မသန်စွမ်းအားကစား ရေကူးပြိုင်ပွဲရဲ့ နိုင်ငံ့ချန်ပီယံ ဖြစ်ခဲ့ပြီး လွန်ခဲ့တဲ့ စက်တင်ဘာလမှာ သူမဟာ Yunnan စီရင်စု မသန်စွမ်း အားကစားပြိုင်ပွဲမှာ နောက်ထပ်ရွှေတံဆိပ်တစ်ခု ထပ်မံ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အသက်လေးနှစ်အရွယ် ၂၀၀၀ ခုနှစ်မှာ ပြင်းထန်တဲ့မတော်တဆမှုကြောင့် အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရပြီး Qian Hongyan ဟာ ခြေထောက်နှစ်ဖက်လုံး ဖြတ်တောက်ခဲ့ရပါတယ်။

သူမရဲ့မိသားစုဟာ အရမ်းဆင်းရဲပြီး Qian Hongyan တစ်ယောက် ခြေထောက်နှစ်ဖက်လုံး ပြတ်တောက်ပြီးနောက်မှာ၊ သူမရဲ့အဘိုးက သူမရဲ့ကိုယ်အောက်ပိုင်းမှာ ဘတ်စကတ်ဘော ဘောလုံးအဟောင်း တစ်လုံးကို ဖြတ်ချုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ ကလေးမလေးဟာ သစ်သားလက်ကိုင်ပြားကို အားပြုပြီး သူမရဲ့လက်နှစ်ဖက်နဲ့ပဲ လမ်းလျှောက်တတ်အောင် ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။  ဘတ်စကတ်ဘောက သူမအတွက် ဟန်ချက်ထိန်းဖို့ အထောက်အကူပေးပြီး သူမ ပင်ပန်းလို့ နားချင်တဲ့အခါမှာလည်း ခုံတစ်ခုလို အထောက်အကူပြုပေးပါတယ်။

ဒီလိုပုံစံကြောင့် ဒေသခံတွေကြားမှာ ‘ဘတ်စကတ်ဘောကောင်မလေး’ အဖြစ် နာမည်တွင်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ သူမအကြောင်း နိုင်ငံတကာ မီဒီယာတွေမှာ ပါခဲ့ပြီးနောက် အထောက်အပံ့ အကူအညီတွေရရှိခဲ့ကာ မိုင်ပေါင်း ၁၆၀၀ ဝေးတဲ့ ဘေဂျင်းမြို့မှာ ပထမဆုံး ခြေတုတပ်ဆင်ခွင့် ရခဲ့ပါတယ်။ လှူဒါန်းမှုတွေကြောင့်၊ Qian Hongyan ဟာ မူလတန်းကျောင်းကို ပြီးမြောက်အောင် တတ်နိုင်ခဲ့ပြီး အသက် ၁၁ နှစ် နောက်ပိုင်းမှာတော့ သူမရဲ့ပညာရေးကို မိသားစုက ထောက်ပံ့ဖို့ ငွေလုံလုံလောက်လောက်မရှိလို့ တစ်ပိုင်းတစ်စ ရပ်နားခဲ့ရပါတယ်။

ဒါပေမယ့် Qian Hongyan ဟာ စိတ်ဓာတ်မကျဘဲ ဒေသတွင်းက မသန်စွမ်း ရေကူးအဖွဲ့ South of the Cloud ကို ၀င်ရောက်ကာ ရေကူး သင်ခဲ့တာဖြစ်ပါတယ်။ ရေကူးခါစမှာပဲ အခက်အခဲတွေအများကြီး ကြုံခဲ့ရပေမယ့် အခုအခါမှာ သူမဟာ နိုင်ငံပြိုင်ပွဲတွေမှာ ရွှေတံဆိပ် အများအပြားရရှိထားပြီး ၂၀၁၂ ခုနှစ် လန်ဒန် မသန်စွမ်း အိုလံပစ်မှာ ကြေးတံဆိပ်ရရှိခဲ့ကြောင်း သိရပါတယ်။

ye wint

Credit: Trend Myanmar

No comments:

Post a Comment