Sunday, March 8, 2015

လူတစ်ယောက်ဟာ အချိန်တွေပြောင်းလဲလာတာနဲ့ အမှ

လူတစ်ယောက်ဟာ အချိန်တွေပြောင်းလဲလာတာနဲ့ အမျှ တိုးတက်ကောင်းမွန်တဲ့ အမြင်၊ အတွေးအခေါ်၊ ခံယူချက် စတဲ့ အရာတွေ ပြောင်းလဲ လာသင့်ပါတယ်။ ပြောင်းလဲသင့်တဲ့ အချိန်မှာ မပြောင်းလဲနိုင်တဲ့သူတွေဟာ စိတ်ကျန်းမာရေး ဖွံဖြိုးမှု အားနည်းသူများ ဖြစ်လိမ့်မယ်လို့လည်း သုံးသပ်မိပါတယ်။ စိတ်ကျန်းမာရေးကောင်းမှ ဦးနှောက်အဟာရ၊ နှလုံးသားအဟာရ ပြည့်ဝလာမှာပါ။

အပင်တစ်ပင်ပဲ ဖြစ်ဖြစ်၊ အစေ့ တစ်စေ့ပဲ ဖြစ်ဖြစ် အချိန်တွေ ကုန်လာတာနဲ့အမျှ အောင်မြင်တဲ့အပင်ကြီး တစ်ပင်ဘ၀ကို ကူးပြောင်းလာတာပါပဲ။ ဒီလိုမကူးပြောင်းပဲ မူလအတိုင်း ရှိမြဲရှိတဲ့ အပင် (သို့) အစေ့မျိုးဟာ မျိုးစေ့မမှန်ဘူးလို့ ယူဆကြပါတယ်။ တနည်းအားဖြင့် မအောင်မြင်တဲ့ အသီးဖျင်းလို့  ဆိုလိုပါတယ်။ လူတွေလည်း ဒီသဘောတရားပါပဲ။ တိုးတက်ပြောင်းလဲလာသင့်တဲ့အရွယ်မှာ ဘာမှ မတိုးတက်ဘူးဆိုရင် ဒီလူ အလကားလူပါ။

True Man


No comments:

Post a Comment