" ၀ှက်ထားရမယ့်အရာမဟုတ် "
မေတ္တာဟာ မနောကံတစ်ခုတည်းနဲ့ မရဘူး။
မေတ္တာမနောကံ ရှိသလို မေတ္တာဝစီကံလည်း
ရှိရဦးမယ်၊ မေတ္တာကာယကံလည်း ရှိရဦးမယ်။
"စိတ်ထဲကတော့ ချစ်ပါတယ်၊
ပါးစပ်ကတော့ ဘာမှမပြောဘူး" လို့ နေကြတာတွေလည်း
တော်တော်များများ ရှိပါတယ်။အဲဒီလိုနေလို့ မဖြစ်ဘူး။
ဘယ်လောက် အသက်ကြီးကြီး ချစ်တယ်ဆိုတဲ့
အမူအရာကို ပြဖို့လိုတယ်။
ချစ်တယ်ဆိုတာကို ပြောဖို့လိုပါတယ်။
တတ်နိုင်သလောက် လေးနက်တဲ့ စစ်မှန်တဲ့
ကြီးမားတဲ့ မေတ္တာနဲ့ ချစ်တတ်စေချင်ပါတယ်။
(ဆရာတော်ဦးဇောတိက)
No comments:
Post a Comment