" အလေးချိန် ပေါင် (၁၇၅) ပေါင် ရှိတဲ့ ခွေးဘီလူးကြီး "
သူ့နာမည်က ဟော့ခ်။ ဟော့ခ်လို့ ခေါ်လိုက်ရင် သင့်ကို ပြန်ကြည့်လိုက်ပါ လိမ့်မယ်။ ဟော့ခ် ဆိုတာ ရုပ်ရှင် ဇာတ်ကားထဲက ဇာတ်ကား အမည် ဖြစ်ပါတယ်။ ဟော့ခ် ကိုယ်အလေးချိန်ဟာ (၁၇၅) ပေါင် အထိရှိပါတယ်။ ဟော့ခ်ဟာ ခွေးတစ်ကောင်သာ ဖြစ်ပြီး ထူးခြားတဲ့ ကိုယ်အလေးချိန်ကြောင့် အားလုံးရဲ့စိတ်ဝင်စားခြင်းကို ခံခဲ့ရပါတယ်။ ဟော့ခ်ဟာ ခွေးဘီလူး အမျိုးအစား ဖြစ်ပြီး တစ်နေ့ကို အမဲသား (၄) ပေါင် စားပါတယ်။ ဟော့ခ် အနားမှာ သုံးနှစ်အရွယ် ကလေး တစ်ယောက် အမြဲတမ်း ရှိနေပေမယ့် မိသားစုဝင်တွေက စိုးရိမ်မူ မရှိကြပါဘူး။
ဟော့ခ်ဟာ (၁၇) လသား အရွယ်သာ ရှိသေးပေမယ့် ကိုယ်အလေးချိန်က (၁၇၅) ပေါင်ရှိနေ တာကြောင့် ကမ္ဘာ့အကြီးဆုံး ခွေးဘီလူးကြီးအဖြစ် သတ်မှတ် ခံထားရပါတယ်။ ဟော့ခ်ကို ပိုင်ဆိုင် ထားသူတွေက အင်္ဂလန်နိုင်ငံ၊ နယူးပာမ်ရိုင်းယားမှာ နေထိုင်ကြပြီး မာလွန်နဲ့ လီဆာဂရင်နန်တို့က မွေးထားခြင်း ဖြစ်ပါတယ်။ သူတို့မှာ သုံးနှစ်အရွယ် ကလေးတစ်ဦး ရှိပြီး အဲဒီကလေးငယ်ဟာ ဟော့ခ်ကို မြင်းလို တက်စီးလေ့ရှိ ပါတယ်။ ဟော့ခ်ရဲ့ ဦးခေါင်းပာာ အလွန် ကြီးမားပြီး (၂၈) လက်မ အထိ ရှိတယ်လို့ ဆိုပါတယ်။ ဗြိတိန်မှာ ခွေးဘီလူး အမျိုးအစားတွေကို အန္တရာယ်ရှိတဲ့ အကောင်အဖြစ် သတ်မှတ်ထားပေမယ့် ဂရင်နန်တို့ မိသားစု အတွက်ကတော့ ချစ်စရာ ကောင်းလွန်းတဲ့ အဖော် ဖြစ်နေပါတယ်။
ဂရင်နန်က မိမိတို့ခွေးပာာ မျိုးကောင်း မျိုးသန့် ဖြစ်ပြီး အလွန်ချစ်စရာ ကောင်းကြောင်း၊ မိမိအနေဖြင့် ခွေးဘီလူးများကို အန္တရာယ်ရှိတဲ့ အကောင်အဖြစ် မယူဆထားဘဲ အခြားခွေးတွေနဲ့ အတူတူလို့ ထင်မိကြောင်း ဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဂရင်နန်က သူ့ ခွေးဟာ လူကို အန္တရာယ် ပြုပါက အသက် သေဆုံးနိုင်တယ် ဆိုတာကို သိရှိထားပါတယ်။ ဟော့ခ်ဟာ ဂျာမန် အမျိုးအနွယ် ဖြစ်ပြီး အမေရိကန် ခွေးဘီးလူးတွေထက် သုံးဆ ကြီးကြောင်း သိရပါတယ်။ ဂရင်နန်က သူ့ခွေးဟာ ဒီထက်ပိုပြီး ကြီးလာနိုင်ဖွယ် ရှိကြောင်း ခန့်မှန်းထားပါတယ်။ ဒါအပြင် ဂရင်နန်က သူ့ခွေးဟာ အပြင်လူ တွေကို အန္တရာယ် မပေးနိုင်အောင် ကာကွယ်မှုတွေ ပြုလုပ်ပေး ထားတယ်လို့ သိရပါတယ်။
Credit : messenger
Wednesday, March 4, 2015
" အလေးချိန် ပေါင် (၁၇၅) ပေါင် ရှိတဲ့ ခွေးဘီလူးကြီး "
Labels:
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment