" ဗိုက်ပြည့်နေပေမယ့် အစာဆက်စားချင်စိတ် ဖြစ်နေသူတွေ ဒီအချက် (၅) ချက်အတိုင်း လုပ်ဆောင်ရန်လို "
တစ်ခါတစ်လေ ဗိုက်ကပြည့်နေပေမယ့် ပါးစပ်က ဆက်စားချင်စိတ်ကြောင့် ထမင်းစားပွဲမှ မထပဲ ဆက်စားနေမိတာမျိုးတွေ ကြုံဖူးမှာပါ။ ဒါဟာ တစ်ရက်လည်း မဟုတ်၊ နှစ်ရက်လည်း မဟုတ် နေ့စဉ်ရက်ဆက် ဖြစ်လာပြီဆိုရင်တော့ ကယ်လိုရီတိုးပြီး ၀ိတ်တက်စေတယ်ဆိုတာ အထူးပြောနေစရာတောင် မလိုတော့ပါဘူး။ ဒီအခြေအနေကို ဖြေရှင်းဖို့ နည်းလမ်းကောင်းလေးတွေ ပေးချင်ပါတယ်။
၁။အစားအစာတွေ ပါးစပ်ထဲရောက်နေပြီဆိုတာနဲ့ နောက်တစ်လုပ်မစားခင် ဇွန်းနဲ့ခရင်းကို ပြန်ချထားလိုက်ပါ။
လက်ကနေ ဇွန်း၊ ခရင်းကို လုံးဝမချထားဘူးဆိုရင် အစားအစာတွေကို ဆက်တိုက် ဆက်စားဖြစ်နေပါလိမ့်မယ်။ ဒီတော့ တစ်လုပ်စားနေပြီဆိုရင် လက်က ဇွန်း၊ခရင်းကို ချထားပြီး အစားအစာကို သေချာဝါးပါ။ ပြီးတော့မှ နောက်တစ်လုပ်စားခါနီး ပြန်ကောက်ကိုင်ပါ။ ဒီလိုအခါခါ လုပ်နေမယ်ဆိုရင် ဇွန်းနဲ့ခရင်းကို ပြန်ပြန်ကောက်ကိုင်နေရတာကြောင့် ဆက်တိုက် မစားဖြစ်တော့သလို လိုတာထက်ပိုပြီး စားချင်စိတ်လည်း မရှိနိုင်တော့ပါဘူး။
၂။စားနေတဲ့ အစားအစာကို အာရုံစိုက်ပြီး သေချာစားပါ။
ကိုယ်စားမယ့် အစားအစာရဲ့ အရောင်အဆင်း ဘယ်လိုရှိတယ်၊ အနံ့ ဘယ်လိုရှိတယ်ဆိုတာ ပါးစပ်ထဲ မထည့်ခင် သေချာအာရုံစိုက်ပြီး ကြည့်ပါ။ ပါးစပ်ထဲရောက်တဲ့အခါ သေချာအရသာခံပြီး ၀ါးပါ။ ဒါ့အပြင် မျိုချလိုက်တဲ့အခါမှာလည်း လည်ချောင်းထဲကနေ အစာအိမ်ကို ဘယ်လိုသွားနေသလဲဆိုတာပါ အာရုံခံပါ။ ဒါဟာ အစားအစာကို ဆက်တိုက် မစားမိတော့တဲ့အပြင် အစာကိုလည်း ကြေညက်စွာ ၀ါးပြီးသားဖြစ်ပါတယ်။
၃။တီဗီကို ပိတ်ထားလိုက်ပါ။
တီဗီကြည့်ရင်း အစာ စားတာမျိုးဟာ လူကို လိုအပ်တာထက်ပို စားဖြစ်သွားစေပါတယ်။ တစ်ခါတစ်လေ ဗိုက်က ပြည့်နေပြီ၊ ကြည့်နေတဲ့ ဇာတ်ကားကလည်း မပြီးသေး၊ အစားအစာကလည်း မကုန်သေးတာမို့ ပါးစပ်ထဲ ဇွတ်သွင်းမိနေတာမျိုးလည်း ရှိပါတယ်။ ဒါ့ကြောင့် အစား စားတော့မယ်ဆိုရင် တီဗီရှေ့မှာ ထိုင်စားတာမျိုး မလုပ်ပါနဲ့။
၎။အစာမစားခင် နာရီဝက်အလိုမှာ ရေတစ်ခွက်သောက်လိုက်ပါ။
ဗိုက်ဆာသလိုလို ဖြစ်လာတာနဲ့ ရေတစ်ခွက် သောက်ထားလိုက်ပါ။ ရေသောက်ပြီး နာရီဝက် အလိုလောက်မှသာ နေ့လည်စာ၊ ညစာ စတာတွေကို စတင် သုံးဆောင်လိုက်ပါ။ ဒါဆို သင်ဟာ လိုတာထက်ပိုပြီး မစားဖြစ်တော့ပါဘူး။
၅။အစာစားနေချိန်အတွင်း လက်သီးကို ဆုပ်ထားလိုက်ပါ။
ဒါဟာ အူကြောင်ကြောင်နိုင်ပေမယ့် စိတ်ပိုင်းဆိုင်ရာ လေ့လာတွေ့ရှိချက်အရ တကယ်ကို အသုံးဝင်တဲ့ နည်းလမ်းတစ်ခုပါ။ လူတွေဟာ တစ်ခုခုကို နိုး ဆိုပြီး ငြင်းဆိုတဲ့အခါ၊ မဖြစ်နိုင်ဘူးလို့ ပြင်းပြင်းထန်ထန် တွေးတဲ့အခါ လက်သီးကို ပြင်းပြင်း ဆုပ်ထားတတ်ကြပါတယ်။ ခုလည်း လိုတာထက်ပိုမစားဘူးလို့ စိတ်ထဲပြီး လက်သီးဆုပ်ထားပါ။ ဒီနည်းက သင့်ကို ကူညီပေးပါလိမ့်မယ်။
Credit:
Wednesday, March 4, 2015
" ဗိုက်ပြည့်နေပေမယ့် အစာဆက်စားချင်စိတ် ဖြစ်နေသူတွေ ဒီအချက် (၅) ချက်အတိုင်း လုပ်ဆောင်ရန်လို "
Labels:
ကျန်းမာရေး,
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment