"အပူနှင့်အပူလွန်ကဲခြင်းဒဏ်ကို ကာကွယ်ရန်နည်းလမ်း"
အပူနှင့်အပူလွန်ကဲခြင်းဒဏ်ကို ကာကွယ်ရန်အတွက် နည်းလမ်း များစွာထဲမှတချို့ကို ကောက်နုတ် ဖော်ပြလိုက်ပါတယ်။ ပူပြင်းသော ရာသီဥတုတွင် အပြင်ထွက်၍ အလုပ်လုပ်ရခြင်းကြောင့် ကုန်ဆုံးသွားသောစွမ်းအင်များ ပြန်လည်ဖြည့်တင်းရန် တစ်နေ့လျှင် အရည်ရှစ်လီတာမျှ သောက်သုံးပေးသင့်သည်။ ကာဗွန်ပါသော ဖျော်ရည်များနှင့် ဘီယာများသည် ခန္ဓာကိုယ်ရှိ ရေဓာတ်အား ပြန်လည်အစားထိုး ဖြည့်ဆည်းပေးခြင်း မရှိနိုင်သကဲ့သို့ Alcohol ပါသောအရည်များသည် ခန္ဓာကိုယ်ရှိ ရေဓာတ်ကုန်ခန်းခြင်းကို ပို၍ ဖြစ်ပေါ်စေနိုင်ပါသည်။
100 PLUS ကဲသို့သော ရေဆာရေငတ် ပြေစေနိုင်သော Sport Drink များသည် ခန္ဓာကိုယ်ရှိ ကုန်ဆုံးသွားသော စွမ်းအင်များကို နဂိုအတိုင်း ပြန်လည်ဖြည့်ဆည်းပေးရန်၊ ကူညီပေးရန် နည်းစနစ်တကျထုတ် လုပ်ထားသော အသင့်လျော်ဆုံး အရည်အတွက်ပါဝင်သော Soprt Drink ဖြစ်သည်။ 100 PLUSE သည် ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရများကို ပြန်လည်ဖြည့်ဆည်းနိုင်သော Glucose/Sucrose စသည့်သကြားဓာတ်တို့ကို ဖြစ်ပေါ်စေသည့် အရည်များနှင့် ပေါင်းစပ်ထားသည်။ ခန္ဓာကိုယ်အတွက် လိုအပ်သော ရေဓာတ်အား ရိုးရိုးရေကို သောက်သုံးခြင်းထက် ကုန်ဆုံးသွားသော ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်ရန် အထူးထုတ်လုပ်ထားသော 100 PLUSE ကို သောက်သုံးခြင်းသည် ပိုမို၍ အကျိုးထိရောက်မှုရှိသည်။
မကြာသေးမီက စင်ကာပူ နိုင်ငံရှိ DSO National Laboratories တွင် လေ့လာတွေ့ရှိချက်အရ ရိုးရိုးရေနှင့် အတုအယောင်ဖျော်ရည် (ကာဗွန်နိတ်ပါဝင်သည့် အရသာရှိသည့် ရေ၊ အချိုဓာတ် ပါဝင်သော အာဟာရမပြည့်ဝသည့် ဖျော်ရည်များ) များထက်100 PLUSE သည် ပိုမို၍ ရေဓာတ်ကို ပြည်လည် ဖြည့်တင်းပေးနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့သည်။
ဤလေ့လာတွေ့ရှိချက်ကို 100 PLUSE နှင့် ရေသောက်သုံးသူတို့အား ယှဉ်ပြိုင်စေခဲ့သည့် ဆောင်ရွက်ချက်များအရ 100 PLUSE သောက်သုံးခြင်းသည် ရေသောက်သုံးခြင်းထက် ၄၃ ရာခိုင်နှုန်း ပိုမို၍ကောင်းမွန်ကြောင်း တွေ့ရှိခဲ့ရသည်။ လူတို့၏အဆုတ်သည် အောက်ဆီဂျင်ကို ခန္ဓာကိုယ်အတွင်းသို့ ရှူ သွင်းရန် စိုစွတ်မှုကို ထိန်းသိမ်းထား ရန်လိုအပ်သည်။ ညအခါတွင် လေရှူသွင်းခြင်းနှင့် ထုတ်ခြင်းတို့ကြောင့် ခန္ဓာကိုယ်အတွင်းရှိ အရည်ဓာတ်များ ဆုံးရှုံးသွားသည်။
ထို့ကြောင့် တစ်နေ့တာ၏အစတွင် ရေကို ဖန်ခွက်ကြီးကြီးနှင့် သောက်သုံးခြင်း၊ အသီးဖျော်ရည် သောက်သုံးခြင်း သို့မဟုတ် 100 PLUSE သောက်သုံးခြင်းဖြင့် ကုန်ဆုံးသွားသော အရည်ဓာတ်ကို ပြည်လည် ဖြည့်တင်းပေးရန် ကူညီပေးနိုင်သည်။
ပူပြင်းသောရာသီတွင် ကော်ဖီသောက်သုံးခြင်းသည် ခန္ဓာကိုယ်အတွင်းရှိ ရေဓာတ်ကို ပိုမိုဆုံးရှုံးစေနိုင်သောကြောင့် မသောက်သုံးသင့်ပေ။
Credit : ကေကေ
lutawlupyaw
No comments:
Post a Comment