မြန်မာနိုင်ငံ အကြောင်းက မစလိုက်ဘဲ မန်ချက်(စ်)တာ တက္ကသိုလ်မှာ ကျွန်တော် ဘွဲ့လွန် တတ်စဉ်က အဖြစ်အပျက်ကို စလိုက်ပါမယ်။
အီဒင်ဗရာမြို့သို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ အစီအစဉ်ဖြင့် ကျွန်တော် လေ့လာရေး သွားခဲ့စဉ်က အဖြစ်အပျက် အကြောင်းအရာ ဖြစ်ပါသည်။
ဂနိုကျရောဂါအကြောင်း
စိတ်ဝင်စားစရာ အကြောင်း အရာပါပဲ။ လူသိများတဲ့ ဂနိုကျ ရောဂါဟာ ယောက်ျားရောဂါ၊ မိန်းမကိုပါ ရောဂါကူးစက် အဖြူဆင်းစေတယ်ဆိုတာကို လူတိုင်း၊ ဇနီးမောင်နှံတိုင်း သိပြီးဖြစ်ပါတယ်။ လေ့လာရေး ခရီးထွက်ခဲ့စဉ် အင်္ဂလန်နိုင်ငံ အီဒင်ဗရာ ကာလသားရောဂါ ဆေးရုံကြီး၌ တွေ့ရတာက ဝေဒနာရှင်တစ်ဦး အဖြူဆင်းနေတာ မှန်ကန်သော်လည်း ဆရာဝန်ကြီးက မင်းတို့ပြောတဲ့ ဂနိုရောဂါက ရိုးနေပါပြီ၊ ဂနို မဟုတ်ပါဘူးကွာလို့ ဆရာဝန်ကြီးက ပြောလိုက်ပါတယ်။
ဆရာဝန်ကြီး ပြောလိုက်သည်မှာ “ဂနိုဆင်တူရိုးမှား ရောဂါ” ဖြစ်ပါသတဲ့။ ဂနိုရောဂါ ဆင်တူရိုးမှားရှိကြောင်း မန်ချက်(စ်)တာ တက္ကသိုလ်သို့ ကျွန်တော် လေ့လာရေးခရီး ထွက်ခဲ့စဉ်မှာ သိခဲ့ရပါသည်။ ဤ "ဂနိုဆင်တူရိုးမှား” ဆိုတဲ့ ဆောင်းပါးကို မြန်မာနိုင်ငံမှ ကြေးမုံ သတင်းစာကြီး၌ ဆေးဆောင်းပါးကို မန်ချက်(စ်)တာ တက္ကသိုလ်မှ ကျွန်တော် ရေးလိုက်ပါတယ်။
ဦးပန်းငုံအကြောင်း
ဗဟို အမျိုးသမီး ဆေးရုံကြီးမှ ဆရာဝန်မကြီးက ကျွန်တော့် ဆောင်းပါးပါတဲ့ ရက်အတွင်း အဖြူဆင်းတဲ့ ဝေဒနာရှင် အမျိုးသမီးကို မေးလိုက်တဲ့ မေးခွန်းက လူနာကို စိတ်ဝင်စားသွား စေခဲ့ပါတယ်။ ဆရာဝန်မကြီး မေးလိုက်သည်မှာ “ရှင့်ယောက်ျားက ဦးပန်းငုံလား။ ဒေါက်တာ အောင်ခင်ဆင့် ရေးတဲ့ ဆောင်းပါးထဲမှာ အဖြူဆင်းတာ ဦးပန်းငုံကြောင့်လို့ ရေးထားလို့ပါ” ဆရာဝန်မကြီးက လူနာကို မပြည့်မစုံ ပြောလိုက်ပါသည်။
ဒုတိယဆောင်းပါးရေးဖြစ်ခဲ့
ဤအဖြူဆင်းတဲ့ အမျိုးသမီးက ကျွန်တော့ လိပ်စာ ရအောင်ရှာပြီး မန်ချက်(စ်)တာကို တန်းပြီး စာရေး မေးလိုက်တာက ဦးပန်းငုံအကြောင်း ရေးမေးလိုက်ပါ၍ ဒုတိယ ဆောင်းပါး ကျွန်တော် ရေးဖြစ်လိုက်ပြန်ပါသည်။ ဦးပန်းငုံဆိုတာ ယောက်ျားသားများရဲ့ ရောဂါမဟုတ်သော ရောဂါ တစ်ခုဖြစ်သည်။ မွေးကတည်းက ယောက်ျား ပန်းတံဟာ မပွင့်ပါဘူး၊ ထိပ်ဖုံးလျက် ငုံနေပါတယ်။
ပန်းငုံပျက်တာ ကျန်းမာမူ ပျက်ကွက်
ဤကဲ့သို့ ပန်းငုံနေတာဟာ ကျန်းမာရေး ပျက်ပြယ်ပြီး ရောဂါ ကူးစက်စေလို့ အိန္ဒိယ လူမျိုးတို့က ကလေးတွေကို အရွယ်မရောက်မီမှာ ထိပ်ဖြတ်ဖွင့် ကြပါတယ်။ ဤသို့ ခွဲစိတ် ပြုလုပ်ခြင်းကို (အိန္ဒိယ ရှင်ပြုတယ်) လို့ အများက ပြောကြပါတယ်။
မှန်ပါသည် ထိပ်ဖုံး ဖုံးနေ၊ ငုံနေပါ၍ ဤပန်းတံတား (နားနှင့်မနာ ဖဝါးနှင့်သာနာကြပါ ဆရာတို့) မသန့်မပြန့် ဖြစ်လာပြီး (…ချီး) ဟု ခေါ်တဲ့ အဖြူတွေက ဖုံးကပ်လာလို့ မကျန်းမမာဖြစ်၊ အဖြူဖတ်တွေဖြစ် အနံ့အသက်က မကောင်း ဖြစ်လာသမျှဟာ ယောက်ျားထိပ်ပတ် ပန်းငုံရောဂါ ပါပဲခင်ဗျာ။
ပန်းငုံလို့ ဇနီးအဖြူဆင်း
မြန်မာနိုင်ငံက စာရေး မေးလိုက်တဲ့ အမျိုးသမီးကိုလည်း ဒီမပွင့်တဲ့ ထိပ်ဖုံး၊ ထိပ်ပိတ်ရောဂါ၊ ဦးပန်းငုံရောဂါ မသန့်မပြန့်တဲ့ အဖြူတွေနဲ့ ယောက်ျားမှ ဇနီးသည် မိန်းကလေးသို့ စပ်ယှက်ရာမှ အဖြူတွေ ကူးစက်ပါ၍ အမျိုးသမီး အဖြူဆင်းရောဂါ ဖြစ်ကြပါကြောင်း စာရေးပြီး ရှင်းပြလိုက်ရာမှ ဒုတိယ ဆောင်းပါး မြန်မာနိုင်ငံသို့ ရေးခဲ့ဖူးပါသည်။
ပန်းတံ ရေဆေး ရောဂါ ကင်းဝေး
ဦးပန်းငုံတို့အတွက် ပညာပေး ပြောပြနိုင်တာကတော့ (၂) မျိုး (၂) စား ရှိပါတယ်။ အချိန်မရ၍ မခွဲမစိတ် ထိပ်မဖွင့် နိုင်သေးပါက နေ့စဉ် ပန်းတံကို ဖွင့်ဖွင့်ပြီး ရေဆေးပေးပါ။ မကြာခဏ ပန်းတံကို ရေဆေး ပေးခြင်းဟာ ယောက်ျား၏ အင်္ဂါ ကျန်းမာခြင်း ဖြစ်ကြောင်း ပထမအဖြစ် ပြောရမည် ဖြစ်ပါသည်။
ရှင်ပြုတာ လိင်သန့်ရှင်း
ဒုတိယ ပြောရမှာက ခွဲစိတ်ပါ၊ ထိပ်ဖြတ်ပါ၊ ရှင်ပြုလိုက်ပါဆိုတဲ့ ပညာပေးပါပဲ။ သို့ပါမှ ဇနီးရော၊ ခင်ပွန်းပါ အင်္ဂါ ကျန်းမာမည် ဖြစ်ပါသည်။ အဖြူဆင်းရောဂါနှင့် ကင်းဝေးကြပါမည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။
လိင်ကင်ဆာ အထိအတွေ့ရ
အင်္ဂါ မကျန်းမမာခြင်း ပြောရာမှာ ပြည့်ပြည့်စုံစုံ ပြောလိုက်ရမည် ဆိုပါက (..ချီး) ပန်းတံမှာ အတင်များပြီး မသန့်မပြန့် ဖြစ်ခဲ့ပါလျှင် အသက်ကြီး လာပါက ပန်းတံ ကင်ဆာ ဖြစ်တတ်သည့် အခြေခံ ရှိကြောင်း ပန်းတံ ကျန်းမာရေး ဂရုပြုကြပါလို့ လိုရင်း ပြောလိုက်ပါရစေ။
အရေးကြီးတဲ့ အရသာ ဒီမှာ
ပန်းတံ ထိပ်ဖြတ်ရာမှာ အရေးကြီးတဲ့ ပြဿနာ(၂) မျိုးရှိပြန်ပါတယ်။ ထို့ကြောင့် အရသာရှိတာ မပျက်ကွက်သွားရလေအောင် အရေပြား ဖြတ်တဲ့အခါမှာ အရေးကြီးသလို ထိပ်ဖုံးဖွင့်ပြီး သန့်ရှင်းဖို့ ထိပ် ပွင့်နေအောင်လည်း လုပ်ဖို့က အရေးကြီးကြောင်း (၂) မျိုး (၂) စား ရှိပြန်ပါတယ်။
အဖြတ်များလျှင် အရသာပျက်
ထို့ကြောင့် ဖြတ်တိုင်း သန့်ရှင်းတယ်လို့ မဆိုနိုင်ပါဘဲ ပန်းတံ အရေပြား အဖြတ်မများလွန်း၊ မနည်းလွန်း ခွဲစိတ် ပေးတတ်ရေး ပညာကတော့ ဆရာဝန်ရဲ့ ပညာဖြစ်ကြောင်း ပြောလိုက် ပါရစေ။ ဦးပန်းငုံတို့ စဉ်းစား သတိထားရေး ပညာပေးပါပဲခင်ဗျာ။
ဆရာဝန်များ သတိထားရ
ထိပ်ဖြတ် ခွဲစိတ်ခြင်း (CIRCUMCISION) ခွဲစိတ်နေသူ ဆရာဝန်များ တစ်ဦးကိုတစ်ဦး သတိပေးစကား ပြောနေကြသည်မှာ “ဟေ့ကောင်၊ သိပ်များ မသွားစေနဲ့နော်” ဟု စိုးရိမ်စိတ်နဲ့ ပြောနေကြတာ ခွဲစိတ်ခန်းထဲမှာ ကြားခဲ့ဖူးပါကြောင်းပါ ခင်ဗျာ။
Credit : Myanmar News Week
lutawlupyaw
No comments:
Post a Comment