Sunday, March 8, 2015

" လွယ်ကူတဲ့ အမာရွတ်ပျောက်နည်း "

" လွယ်ကူတဲ့ အမာရွတ်ပျောက်နည်း "

အမာရွတ်တွေမှေးမှိန်စေချင်ရင် လွယ်ကူရိုးရှင်းတဲ့ အိမ်တွင်းကုထုံးလေးတွေ ရှိပါတယ်။

၁။ သံလွင်ဆီနဲ့ အမာရွတ်ကို ၅ မိနစ်ခန့် စိမ့်ဝင်အောင် နေ့စဉ် ပွတ်လိမ်းပေးပါ။
၂။ ရှားစောင်းလက်ပတ်အနှစ်ဖြင့် သေချာ လိမ်းပေးပါ။
၃။ ပျားရည် လူးခြင်းဖြင့်လဲ မှေးမှိန်စေပါတယ်။
၎။ Vitamin E ကြွယ်ဝစွာပါဝင်တဲ့ လိုးရှင်းကို နေ့စဉ် နှစ်ကြိမ်ခန့် လူးပေးပါ။

ဈေးကွက်ထဲမှာ အမာရွတ် လုံးဝ ပျောက်ပါတယ်ဆိုတဲ့ဆေးတွေ ရှိပါတယ်။ သို့သော် အများစုက သုံးပြီး မပျောက်ဟုသာ ကြားရပါတယ်။
လေဆာနဲ့ကုလျှင်လဲ ဈေးကြီးပြီး Side effects များ ရှိနိုင်ပါတယ်။

အမာရွတ်အကြောင်းလေး ရှင်းပြပါမယ်။ အမာရွတ်ဆိုတဲ့သဘောက လုံးဝ အရှင်း ပျောက်သွားတာမျိုး မရှိပါ။

အချိန်ကြာလာမှသာ မှေးမှိန်သွားတတ်သော သဘောရှိပါတယ်။ ဒါကြောင့် အမာရွတ် ကုသချင်လျှင် စိတ်ရှည်ပြီး အချိန်များများ ယူရပါမယ်။

အထက်ပါ အိမ်တွင်းကုထုံးလေးများမှာ ရိုးရှင်းလွယ်ကူပြီး ဘေးဥပုဒ် ကင်းကင်း သက်သက်သာသာနှင့် ရေရှည်လုပ်ဆောင်နိုင်သည့်အတွက်
ဝေမျှလိုက်ပါတယ်……

(Dr.Marie)


No comments:

Post a Comment