" အဝတ်အစားနဲ့ ဆင်းရဲချမ်းသာ ရွေးလို့ရလား "
နယူးယောက်မြို့က ဈေးအကြီးဆုံးကား အမျိုးအစားတခုဖြစ်တဲ့ Jaguar ကားအရောင်းပြခန်းက အရောင်းတာဝန်ခံတယောက်ကို ကားလာဝယ်သူ တယောက်က မေးခွန်းတခုကိုမေးလိုက်ပါတယ်။ "မင်းအလုပ်မှာ ဘယ်ဟာက အခက်ခဲဆုံးလဲ" တဲ့။
အရောင်းတာဝန်ခံက ခုလိုပြန်ဖြေပါတယ် "အခုခေတ်မှာ ဘယ်သူက ချမ်းသာတဲ့လူ ဆင်းရဲတဲ့လူဆိုတာ သူဝတ်ထားတဲ့ အဝတ်အစားကိုကြည့်ပြီး ခွဲခြားရခက်လာပြီဗျာ" တဲ့။
အမေရိကန်သစ်လုပ်ငန်းပိုင်ရှင် ဘီလီယံနာသူဋ္ဌေးကြီး Blixseth ဟာ တနေ့ကျတော့ သူ့သားအတွက် Walking_Shoe တရံနဲ့ ဂျင်းဘောင်းဘီတထည် ဝယ်ပေးဖို ဈေးကြီးတဲ့အဝတ်အစားတွေ ရောင်းတဲ့ ကုန်တိုက်ကြီးတခုကို ရောက်လာပါတယ်။ အရောင်းစားရေးက သူဋ္ဌေးကြီးရဲ့ အဝတ်အစားတွေကို ကြည့်ပြီး သူ့လိုချင်တဲ့ပစ္စည်းတွေကို လမ်းဘေးက အပေါစားအဝတ်တွေနဲ့ ဖိနပ်တွေရောင်းတဲ့ဆိုင်မှာ ရနိုင်တယ်လို့ပြောပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူဋ္ဌေးကြီးဟာ သူ့သားလိုချင်တဲ့ ဖိနပ်နဲ့ ဂျင်းဘောင်းဘီကို ဝယ်ဖြစ်သွားပါတယ်။ ဒါပေမဲ့ ဆိုင်ကထွက်ပြီးတဲ့အခါ သူဋ္ဌေးကြီဟာ သူ့ကားမောင်းသမားကို ဆိုင်ရှေ့မှာ ခနရပ်ခိုင်းလိုက်ပြီး သူ့ရဲ့Rolls_Royce ကားကြီးပေါ်ကနေ ခုနကအရောင်းစာရေးကို လက်ပြနူတ်ဆက်သွားပါတယ်။ Rolls_Royce ကားဆိုတာ အဲဒီခေတ်က အမေရိကန်မှာ အကန့်အသတ်နဲ့ အနဲငယ်သာထုတ်လုပ်ပြီး အချမ်းသာဆုံးသူတွေသာ ဝယ်စီးနိုင်တဲ့ကားပါ။
Facebook တီထွင်ပြီး ယနေ့အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံပိုင်ဆိုင်ပြီး ကမ္ဘာ္ဘ့ ချမ်းသာဆုံးထဲက တယောက်ဖြစ်တဲ့ လူငယ်လေး Mark_Zukerberg ဟာ ဘာဝတ်တယ်ထင်ပါသလဲ။ သူဟာ မီခိုးရောင်တီရှပ်ရယ် ခေါင်းခြုံလို့ရတဲ့စပို့ရှတ် (Hoodie) ရယ် ဂျင်းဘောင်းဘီရယ် နေ့စဉ်ဝတ်ပါတယ်။ တထည်ထဲ နေ့စဉ်ဝတ်တာ မဟုတ်ပါဘူး။ ဒီအဆင်တွေ အများကြီးဝယ်ထားပြီး အလဲအလှယ်ဝတ်ပါတယ်။ ဒီဇိုင်နာအင်္ကျီတွေမဝတ်ပါဘူး။ Rolex နာရီမပတ်ပါဘူး။ Microsoft ပိုင်ရှင် ဘီလီယံနာသူဋ္ဌေးကြီး Bill_Gates ကလဲ ဆွယ်တာနဲ့ ဂျင်းဘောင်းဘီဝတ်ပြီး အလုပ်ကိုသွားတတ်တယ်။ Appleတီထွင်သူ သူဋ္ဌေးကြီး Steve_Jobs တို့လဲ တီရှပ်လက်ရှည်နဲ့ ဂျင်းဘောင်းဘီကိုပဲ။ သူကွယ်လွန်သွားတဲ့အထိ ဝတ်သွားခဲ့တယ်။
အဲဒီတော့ တကယ်ချမ်းသာတဲ့လူတွေဟာ လူအများထင်ထားသလို အင်မတန်ဈေးကြီးတဲ့ အဝတ်အစားတွေ မဝတ်ကြပါဘူး။ အင်မတန်ဈေးကြီးတဲ့ နာရီတွေ မပတ်ကြပါဘူး။
တကယ်မချမ်းသာပဲ ချမ်းသာချင်ဟန်ဆောင်သူတွေ လူအထင်ကြီးခံချင်သူတွေသာ ဈေးကြီးပေးရတဲ့ Designer အင်္ကျီ၊ ဘောင်းဘီတွေ ဝတ်ကြတယ်။ Rolex နာရီပတ်ပြီး.. လူရှေ့သူရှေ့ဆိုရင် လက်ကိုမြှောက်မြှောက်ပြီး နာရီကြည့်ပြတယ်။ လက်ချောင်းတွေမှာ စိန်လက်စွပ်၂ ကွင်း-၃ကွင်းပတ်ပြီး လူရှေ့ကျရင် လက်ဖမိုးထောင်ပြပြီး စကားပြောရတာအမောပဲ။ လက်စွပ်တွေ လူမြင်အောင်ပေါ့။
တကယ့်ချမ်းသာတဲ့ သူဋ္ဌေးကြီးတွေအတွက်ကတော ဒါတွေမလိုတော့ပါဘူး။ ချမ်းသာပြီးနေမှတော့ ချမ်းသာကြောင်း ကြွားစရာမှ မလိုတော့တာ။
Credit to Kyaw Myint Oo
K.K(ကနောင်)
Thursday, March 5, 2015
" အဝတ်အစားနဲ့ ဆင်းရဲချမ်းသာ ရွေးလို့ရလား "
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment