Thursday, March 5, 2015

" နှလုံးသားလက်ဆောင် "

" နှလုံးသားလက်ဆောင် "

တစ်ခါတော့ မွေးရာပါ နှလုံးရောဂါရှိတဲ့ ၁၁ နှစ် အရွယ် သမီးက သူ့ အဖေကိုမေးတယ်
" ဖေဖေ သမီး ၁၅ ပြည့် မွေးေ့ရောက်ရင် သမီးကို ဘာလက်ဆောင်ပေးမှာလဲ ဟင် "

သူ့အဖေကတော့ " သမီးလေးအတွက် ကမ္ဘာပေါ်မှာ အဖိုးအတန်ဆုံးလက်ဆောင် တစ်ခုဖြစ်မှာပေါ့ သမီးရဲ့ " လို့ ပြန်ဖြေလိုက်တယ်။ ဒါပေမယ့် သူဘာပေးရမှန်းမသိဘူး။

ဒီလိုနဲ့ နှစ်တွေ ကြာလာတော့ အသက် ၁၄ နှစ် လောက်မှာတော့ ကောင်မလေးဟာ အလွန်ပြင်းထန်တဲ့ နှလုံးရောဂါခံစားပြီး ဆေးရုံတက်လိုက်ရတယ်။ ဆရာဝန်တွေက သူ့အဖေကိုပြောတယ်။
" ခင်ဗျားသမီး အခြေအနေ အရမ်းဆိုးနေပြီ သိပ်မကြာခင် သူသေမှာပဲ " လို့ ပေါ့

သူ့အဖေကတော့ စိတ်မပူသလိုနဲ့ " ဟုတ်ကဲ့ပါဆရာ ကျွန်တော် သူ့အတွက် အကောင်းဆုံး ပြင်ဆင်ထားတာတွေ ရှိပါတယ် "

သိပ်မကြာဘူး။ သူ့အဖေဟာ ဆေးရုံလာတဲ့လမ်းမှာ ကားအက်ဆီးဒင့်ဖြစ်သွားတယ်။ နောက်ရက်အနဲငယ်ကြာတော့ ကောင်မလေးကို လာပြောတယ်။ မင်းအရမ်းကံကောင်းတာပဲ မင်းနှလုံးအတွက် အလှူရှင်ရှာတွေ့ပြီတဲ့။

နောက်မကြာဘူး ကောင်မလေး အခြေအနေ တိုးတက်လာတော့ အိမ်ပြန်လာတယ်။ အဲဒီအချိန်မှာ သူ့ အသက်ကလဲ ၁၅ နှစ်ပြည့်ပြီးပြီပေါ့။ သူဟာ သူ့အိပ်ယာမှာ လှဲအိပ်လိုက်တယ်။ အဲဒီအချိန်မှာ အိပ်ရာအောက်က ခုလုခုလု ဖြစ်နေလို့ အခင်းကို လှန်လိုက်တယ်။ အဲဒီမှာ သူ့အဖေ ချန်ထားတဲ့ စာအုပ်လေး တွေ့သွားတယ်

" ငါ့သမီး ဒီစာကိုဖတ်နေတဲ့အချိန်မှာ ၁၅ နှစ် ပြည့်ပြီးလောက်ပေါ့။ သမီးမွေးကတည်းက နှလုံးမကောင်းတာကို အဖေအစောကြိးကတည်းက သိပြီးသား အဲဒါကြောင့် အဖေ့နှလုံးကို ကြိုတင် လှူဒါန်းထားတယ်သမီး။

သမီးဒီလို အသဲအသန်ဖြစ်မယ်ဆိုတာလဲ အဖေခန့်မှန်းပြီးသား။ ဒါပေမယ့် သမီးဖြစ်တာ အဖေမှန်းထားတာထက် စောတဲ့အတွက် မတတ်နိုင်ဘူး။ သမီးအတွက် ၁၅ နှစ် ပြည့်လက်ဆောင် အဖေပေးခဲ့ပါတယ်။

အဖေ့ရဲ့ အသည်းနှလုံးလောက် ချစ်ရတဲ့ သမီးလေးအတွက် အဖေ့ရဲ့ နှလုံးက လက်ဆောင်ကောင်း ဖြစ်မှာပါ "

မိဘတွေရဲ့ သားသမီးအပေါ်ချစ်တဲ့စိတ်ကို ခံစားနိုင်မည့် ၀တ္တုလေးဖြစ်မှာပါ။

မောင်စိုင်း


No comments:

Post a Comment