"ဟန်ဆောင်ကောင်းသော ယောင်္ကျား"
၁။အခြားယောင်္ကျားတွေထက် ပို ပဲများတာမျိုး ဖြစ်နေလိမ့်မယ်။ သတိထားတတ်တဲ့ မိန်းကလေးတွေဆိုရင် အဆိုပါ ယောင်္ကျားမျိုးကို ကွယ်ရာမှာ "အရမ်းပဲများတာပဲ" လို့ အတင်းပြန်ပြောနေလိုက်မယ်။ ဒါပေမယ့် ကျေနပ်တဲ့ အတင်းမျိုး။
၂။ စကားပြောကောင်းတယ်။ အချစ်ဇာတ်လမ်းတွေထဲကလို မင်းသမီးအကြိုက် ပုံစံမျိုးပေါ့။ ဒါပေမယ့် ပွင့်လင်းမှုမရှိဘူး။ ကိုယ့်အကြောင်းထက် ကောင်မလေးအကြောင်းတွေကို ပိုမေးနေလိုက်မယ်။
၃။ဆိုင်အတူတူထိုင်တဲ့အခါ လိုအပ်မှု တစ်ခုခုရှိလာပြီဆိုရင် သာမန်ယောင်္ကျားတွေထက် ပိုပြီး ပျာယာခက်နေတတ်တယ်။ ဥပမာ ကော်ဖီကို အတင်းဖျော်ပေးတာမျိုး။ မုန့်မစားခင် ဇွန်းကို tissue နဲ့ အသည်းအသန် သုတ်ပေးတာမျိုး။
၎။ဖုန်းဝင်လာတဲ့အခါ၊ အဲ့ဖုန်းက သူ့အတွက် အရေးမကြီး သယောင်၊ ဂရုမစိုက်တာမျိုး၊ ဖုန်းချပစ်လိုက်တာတွေ လုပ်တတ်တယ်။
အကြောင်းက အခုတွေ့နေတဲ့ သူထက် အရေးမကြီးဘူး၊ ဒါမှမဟုတ် လူအထင်ကြီးအောင် ဖုန်းတွေ တတီတီလာတယ်ပေါ့။
အကြွေးလှမ်းတောင်းတဲ့ဖုန်းမို့လို့ မကိုင်တာလည်းဖြစ်နိုင်သလို၊ ကောင်မလေး တစ်ယောက်ယောက် လှမ်းဆက်တာမျိုးလည်း ဖြစ်နိုင်တာပဲ။
၅။ကိုယ်က ရင်းနှီးသွားလို့ နောက်တစ်ခေါက်ဖုန်းဆက်ခေါ်တဲ့အခါ မအားလှပ်အောင် အလုပ်များနေလို့ ဖုန်းမကိုင်တာမျိုးတွေ လုပ်တတ်တယ်။
ဘက်စ်ကားပေါ်ရောက်နေတာလည်း ဖြစ်နိုင်တာပဲ။ ပြီးတော့မှ အချိန် နည်းနည်းကြာလာတဲ့အခါ ဖုန်းပြန်ခေါ်၊ ဟိုဟာဖြစ်နေလို့ ဒီဟာဖြစ်နေလို့၊ ဘာညာ အကွယ်တွေ ရွှေ့ ရော။
၆။တခါတလေ ဖုန်းကို စက်ပိတ်ထားတတ်တယ်။ အဲ့ကျရင် " အလုပ်မအားလို့ အိမ်မပြန်ရသေးတာနဲ့ ဖုန်းဘက်ထရီကုန်သွားတယ်လို့ ပြောလိုက်မယ်။
ဒါနဲ့ ကိုယ်က ဘာညကွိကွရစ်ရော။ သူပြန်ပြောလိုက်မယ်။
"တကယ်ပြောနေတာ သူဆက်တော့မယ်ဆိုတာ သိနေလို့ ဖုန်းကို အခု အားသွင်းလျက်ကြီး ချက်ချင်းပြန်ခေါ်လိုက်တာ"
ကိုယ်ကလည်းယုံသွားရော။ ပြီးရင် ဘယ်နေ့တွေ့မယ်၊ ဘာမုန့်စားမယ် ဖြစ်သွားပြန်ရော။
၇။ အရင် ရည်စားအကြောင်းတွေနဲ့ ပတ်သက်လို့ မေးလိုက်မယ်။ အဲ့ကျရင် သူ့မျက်နှာမှာ စိတ်မကောင်းတဲ့ အမူအယာတွေ ပြနေလိုက်မယ်။ သူကပါ တစ်သားတည်း ဝင်ခံစားပေးနေတာမျိုး။ အကြောင်းက သူအရမ်း ဂရုစိုက်တယ်ပေါ့။ မင်းခံစားရင် ငါလည်းခံစားရတယ် ဆိုတဲ့အထာ။ မိန်းကလေး တွေကလည်း အဲ့လိုအချိန်မျိုးဆို အရမ်းယုံပြီး၊ အရမ်းကြွေသွားပြီ။
၈။ ဒီလိုနဲ့ ရည်းစားအဖြစ်ကိုရောက်။ ကိုယ်က တကယ်ချစ်မိတော့ သူ့ဆီ ဖုန်းတွေဆက်။ ဖုန်းမကိုင်တာမျိုးတွေ ဖြစ်လာ၊ ကိုယ်ကရစ်၊ ပြဿနာတွေတက်၊ သူ့အကြောင်းကိုပိုသိလာ၊ နောက်ဆုံး အသည်းကွဲပြီး ကျန်ခဲ့။
ပြောချင်တာက ဟန်ဆောင်တတ်တဲ့ ယောင်္ကျားတွေဆို မိန်းကလေးတွေ အသေယုံပြီး အရမ်းချစ်တယ်ဆိုတာလေးပါ။ ပျိုမေတို့ ဒီလို ယောင်္ကျားမျိုးနဲ့ကြုံပြီး ဒီလိုဖြစ်နေပြီလားဆိုတာ
ပြန်ဆန်းစစ် ကြည့်လိုက်ဦးနော် ။
Credit: Khun Nay
lutawlupyaw
No comments:
Post a Comment