"ကိုယ့်ချစ်သူကို ချစ်တဲ့အကြောင်း တဖွဖွ ပြောနေစရာမလိုပဲ ကိုယ်သိပ်ချစ်မှန်း သူသိစေဖို့ လုပ်ဆောင်နိုင်တဲ့အရာများ"
ကိုယ်ချစ်ရတဲ့သူကို ချစ်တဲ့အကြောင်းတွေ နေ့စဉ်နေ့တိုင်း ပြောနေပေမယ့် သူ့ကို တကယ်ချစ်တယ်ဆိုတာ သူတကယ်ယုံပါ့မလား။ အပြောလေးကတော့ ဟုတ်နေတာပဲ။ တကယ်ချစ်တယ်ဆိုတာကို သက်သေပြလို့ ပြောလာရင်တောင် ဘာလုပ်ပြရမှန်းမသိ ဖြစ်တတ်ကြတယ် မဟုတ်လား။ တကယ်တော့ ချစ်တယ်ဆိုတာကို အချိန်တိုင်းတဖွဖွ ပြောနေစရာမလိုပဲ ကိုယ်တကယ်ချစ်တယ်ဆိုတာ တစ်ဖက်သားသိသွားအောင် လုပ်ဆောင်နိုင်တဲ့အရာလေးတွေ ရှိနေပါတယ်။ အဲ့ဒါတွေကတော့
၁။ကိုယ့်ချစ်သူနဲ့ ဖုန်းပြောနေချိန် ကိုယ့်ဘာသာကိုယ် ဓာတ်ပုံလေး ရိုက်ထားပါ။ ပြုံးပြုံးလေးပေါ့။ ကိုယ့်ချစ်သူနဲ့ ဖုန်းပြောရချိန် ဘယ်သူမဆို ပျော်ရွှင်ကြည်နူးကြတာပဲလေ။ ဒီပုံလေးကို သူမြင်ရင် သူဟာ သင့်ကို ပျော်ရွှင်အောင်လုပ်ပေးနိုင်ပါလား ဆိုတာ သူသိသွားလိမ့်မယ်။
၂။နှစ်ယောက်အတူတူ သွားလာနေချိန် မှန်တစ်ချပ်တွေ့ရင်၊ ဒါမှမဟုတ်လည်း အိမ်မှာအတူရှိနေချိန် မှန်ရှေ့ဆွဲခေါ်ပြီး သူ့ကိုပြပါ။ ပြီးရင် ငါတို့နှစ်ယောက် ဘယ်လောက်လိုက်သလဲ တွေ့လားဆိုပြီး သူမြင်အောင်ပြပါ။
၃။သူစားထားတဲ့ ပန်းကန်တွေ မငြိုမညင်ဆေးပေးပါ။ သူပန်းကန်ဆေးရမယ့် အလှည့်ဆိုရင်တောင်ပေါ့။
၎။သူစားထားတဲ့ နေ့လည်စားဖိုး၊ ညစာဖိုး ကိုယ်က ၀င်ရှင်းပေးလိုက်ပါ။
၅။သူဖုန်းဆက်တဲ့အခါ ဘယ်တော့မဆို ကိုင်ပေးပါ။ ပြီးရင် သူတောင်းဆိုလိုက်တဲ့ ကိစ္စတစ်ခုခုကို မဆိုင်းမတွလုပ်ပေးလိုက်ပါ။
၆။သူ့အ၀တ်တွေ ခေါက်ပေးတာ၊ သူ့အိပ်ယာတွေ ပြန့်ပြန့်ပြူးပြုးဖြစ်နေအောင် ၀င်စီစဉ်ပေးပါ။ တစ်ခါတစ်လေပေါ့နော်။
၇။သူ့ရဲ့နဖူးလေး၊ မျက်ခွံလေးတွေကို အနမ်းပေးပါ။
၈။သူ့ကို တတ်နိုင်သလောက် နွေးနွေးထွေးထွေး ဆက်ဆံပါ။
၉။သူ့အတွက် အသေးစိတ် ဂရုစိုက်တတ်တဲ့သူဖြစ်အောင်လုပ်ပါ။ လက်သည်းရှည်လာရင် ညှပ်ဖို့သတိပေးတာမျိုး၊ သူ့အခန်းထဲက မီးလုံးမကောင်းရင် လဲဖို့ ၀ယ်ပေးတာမျိုး၊ သူ့အိမ်သာထဲမှာ အိမ်သာသုံးစက္ကူကုန်နေတာကို ၀ယ်ပေးတာမျိုးကအစ ဂရုစိုက်ပါ။
၁၀။သူအားငယ်တဲ့အချိန်၊ သူဝမ်းနည်းတဲ့အချိန် နှစ်သိမ့်ပေးပါ။ သူ့ဘက်မှာ သင်အမြဲရှိတယ်ဆိုတာ သူသိပါစေ။
Credit : Trend Myanmar
lutawlupyaw
No comments:
Post a Comment