"မိန်းကလေး သူငယ်ချင်း များနှင့် ပျော်ရွှင်နေသည့် ဘက်ခမ်းသား ဘရွတ်ကလင်"
မိန်းကလေး သူငယ်ချင်းတွေနဲ့ ပျော်ရွှင်နေပုံပေါက်တဲ့ ဒေးဗစ်ဘက်ခမ်းသား ဘရွတ်ကလင်ရဲ့ ပုံတွေကို ဗြိတိန် သတင်းမီဒီယာတွေက ဖော်ပြနေပါတယ်။
ဘရွတ်ကလင်ဟာ ဖခင်ရဲ့ စတိုင်ကို အမွေခံတဲ့ အနေနဲ့ အနက်ရောင် စကင်နီ ဂျင်းဘောင်းဘီကျပ်ကျပ်ကို ၀တ်ထားတယ်လို့ သတင်းတွေက ဆိုပါတယ်။
မိဘတွေမပါပေမယ့် သက်တော်စောင့်လို့ ယူဆရတဲ့ သူတွေက ဘေးမှာ ရှိနေပါတယ်။ ဒီဓာတ်ပုံတွေကို သူက လူမှုရေးကွန်ရက် အင်စတာဂရမ်ကနေ တဆင့် ဖြန့်ဝေထားတယ်လို့ သတင်းက ရေးပါတယ်။
အရင်ကတော့ ဘရွတ်ကလင် ချိန်းတွေ့တိုင်း အဆင်ပြေမပြေ လိုက်ကြည့်ဖို့ မနီးမဝေးက ခုံမှာ ထိုင်လေ့ ရှိတယ်လို့ အင်္ဂလန် လက်ရွေးစင်ဟောင်း ဒေးဗစ်ဘက်ခမ်းက မကြာသေးခင်က ပြောဆိုခဲ့ပါတယ်။
အခုတော့ ဘရွတ်ကလင်ဟာ ဘက်ဟမ်းနဲ့ ၀ီတိုးရီးယားတို့ မပါဘဲ မိန်းကလေး မိတ်ဆွေတွေနဲ့ ကိုချဲလာ ပွဲတော်တခုမှာ ပျော်ရွှင်နေတဲ့ပုံကို ဗြိတိန်က သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
ဓာတ်ပုံ – mirror.co.uk
DVB by ဒီဗွီဘီ
lutawlupyaw
No comments:
Post a Comment