"အန္တရာယ်ကင်း ခရီးသွားခြင်း ဓမ္မစက် ဂါထာတော်"
ကတာ မေ ရက္ခာ၊
ကတံ မေ ပရိတ္တံ၊
ပဋိက္ကမန္တု ဘူတာနိ၊
သော ဟံ နမော ဘဂဝတော။
နမော သတ္တန္နံ သမ္မာ သမ္ဗုဒ္ဓါနံ။
အနက်
အကျွန်ုပ်သည် အစောင့်အရှောက်ကို ပြုလုပ်အပ်ပြီး။
အကျွန်ုပ်သည် အကာအကွယ်ကို ပြုအပ်ပြီ။
အကျွန်ုပ်သည် ဘုရားသခင်အား ရှိခိုးပါ၏။
နှိပ်စက်တတ်သော သတ္တဝါတို့သည် ဆုတ်ခွာဖယ်ရှား သွားကြကုန်လော။
အကျွန်ုပ်သည် ခုနစ်ဆူသော ဘုရားရှင်တို့အား ရှိခိုးကန်တော့ပါ၏။
အစီအစဉ်
ခရီးသွားရန် ပြင်ဆင်ပြီးပါက အိမ်မှ မထွက်မီ ဘုရားရှင်အား ဝတ်ပြုပြီး၍ အထတ်ပါ ဂါထာတော်မြတ်ကြီးကို မိမိတတ်စွမ်းနိုင်သလောက် ရွတ်ပါ။ သွားမည့် အရပ်ဒေသများရှိ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါတို့ ကျန်းမာ ချမ်းသာကြပါစေဟု နှလုံးသွင်းလျက် မေတ္တာပို့သပါ။
ဤပရိတ် မန္တန်တော်မြတ်၏ တန်ခိုးကြောင့် လမ်းခရီးတွင် မည်သည့် အန္တရာယ်မှ မဖြစ်နိုင်ပါ။ ခရီးမှ မိမိနေရပ်သို့ ပြန်မည်ဆိုလျှင်လည်း အထက်ပါနည်းအတိုင်း ပြုလုပ်၍ ပြန်ခဲ့ရခြင်းဖြင့် အန္တရာယ်ဆိုး၊ ဘေးဆိုး၊ ရန်ဆိုးတို့မှ ကင်းလွတ်လျက် မိသားစု ရွှင်လန်းချမ်းမြေ့စွာ တစ်သက်တာ နေထိုင်နိုင်ကြမည် ဖြစ်ပါသည်။
ဤနည်းကို ရှေးဆရာတော်ကြီးများ၊ ဆရာကြီးများ၊ အန္တရာယ်ကင်း ခရီးသွားခြင်းအဖြစ် ပြုလုပ်ခဲ့ကြပါသည်။
စာပေလောက စာအုပ်တိုက်မှ ဖြန့်ချိသည်။ တန်ခိုးထက်မြက်သည့် ဓမ္မစက် ဂါထာတော်များ သုသုက ပြုစုသည်
စာပေလောက စာအုပ်တိုက် ၁၉၅၆ တွင် စတင်တည်ထောင်သည်။
lutawlupyaw
No comments:
Post a Comment