Saturday, April 11, 2015

" အရပ်ပုသောအမျိုးသားများ အသက်ပိုရှည် "

" အရပ်ပုသောအမျိုးသားများ အသက်ပိုရှည် "

အရပ်ပုခြင်းသည် အသက်ရှည် စေကြောင်း လေ့လာမှုတစ်ခုကဆိုသည်။
Kuakim Honolulu Heart Program (HHP) နှင့် Kuakini Honolulu-Asia Aging Study (HAAS) မှ သုတေသနအဖွဲ့၏ လေ့လာမှုအရ ဂျပန်အမျိုးသားများတွင် အရပ်ပုခြင်းနှင့် အသက်ရှည်ခြင်းတို့ ဆက်စပ်နေကြောင်း သိရသည်။ ““သုတေသနမှာ ပါဝင်တဲ့သူတွေကို ငါးပေနှစ်လက်မနှင့်အောက်၊ ငါးပေလေးလက်မနှင့်အထက် ဆိုပြီး နှစ်ဖွဲ့ခွဲခဲ့ပါတယ်။

ငါးပေနှစ်အောက် အရပ်ပုသူတွေဟာ အသက်အရှည်ဆုံးဆိုတာ တွေ့ရပါတယ်။ အရပ်ရှည်လေ၊ အသက်တိုလေဆိုတာလည်း တွေ့ရပါတယ်”” ဟု သုတေသီ Bradley Willcox ကဆိုသည်။ အရပ်ပုသည့် အမျိုးသားများတွင် FOXO3 ဟု အမည်ရသည့် မျိုးဗီဇပစ္စည်းတစ်ခုပါဝင်ပြီး ၎င်း၏အာနိသင်ကြောင့် ဖွံ့ဖြိုးစအရွယ်တွင် လူကောင်သေးကာ အသက်ရှည်စေသည်ဟုသိရသည်။

အရပ်ပုသည့်အမျိုးသားများသည် သွေးတွင်း အင်ဆူလင်ဟော်မုန်းပမာဏ လျော့နည်းလေ့ရှိပြီး ကင်ဆာလည်း အဖြစ်နည်းသည်ဟု သိရသည်။ ““ခန္ဓာကိုယ်အရွယ်အစားဟာ ဒီမျိုးဗီဇပစ္စည်းနှင့် ဆက်စပ်နေတယ်ဆိုတာ ယခုလေ့လာမှုအရ ပထမဆုံး တွေ့ရှိခဲ့တာဖြစ်ပါတယ်”” ဟု Dr. Willcox က ထပ်လောင်းပြောကြားသည်။ အထက်ပါ သုတေသနကို PLOSONE ဆေးပညာဂျာနယ်တွင် ဖော်ပြခဲ့သည်။


Credit : Health Updates Journal



lutawlupyaw

No comments:

Post a Comment