Sunday, April 12, 2015

"တင်းလွန်းရင်ပြတ်သွားမှာပဲ..."

"တင်းလွန်းရင်ပြတ်သွားမှာပဲ..."

ချစ်သူနှစ်ယောက်မှာ နားလည်မှု လွဲတာ ဂရုစိုက်မှုလို့ခေါ်တဲ့ ဦးစားပေးမှု တစ်ခုကလည်း အပါအဝင်ပါ။ ဂရုစိုက်မှုလို့ခေါ်တဲ့ ဦးစားပေးမှုမှာ မိန်းကလေးတွေက အများဆုံး အလေးပေး ခံရလေ့ရှိပါတယ်။ ဒါကလည်း အားနွဲ့တဲ့ မိန်းကလေးတွေမို့လို့ ဆိုပြီး ခေါင်းစဉ်တပ်ထားတဲ့ အတွက်ကြောင့်ပါ။ မေတ္တာဆိုတာ အလျား၊ အနံ မရှိပေမယ့်၊ အသွားအပြန်တော့ ရှိတယ်ဆိုသလိုပေါ့။

မေတ္တာဆိုတဲ့ သဘောတရားကို ပြန်ပြောမယ်ဆိုရင် ယောင်္ကျားလေးက သက်သက်၊ မိန်းကလေးက သက်သက်ရယ်လို့ ခွဲလို့ မရတော့ပါဘူး။ ဘာလို့ လည်းဆိုတော့ လူတိုင်းမှာ ခံစားချက် ရှိတာကိုး။ ဒါကြောင့် ခုနက ကျွန်တော်ပြောတဲ့ ဂရုစိုက်မှုဆိုတဲ့ အရာက မိန်းကလေးတွေချည်းပဲမှ မဟုတ်ပါဘူး။ တစ်ခါတလေ ယောင်္ကျားရင့်မာကြီးတွေတောင်မှ ကိုယ့်ချစ်သူ မိန်းကလေးတွေဆီက ဂရုစိုက်မှုလေးကို ခံစားချင်တတ်ကြတယ်။

ကိုယ်သူ့ကို စိတ်ပူပေးခဲ့သလို၊ ကိုယ်သူ့ကို ဦးစားပေးခဲ့သလို၊ သူဝမ်းနည်းတဲ့အချိန် ကိုယ်ပျော်ရွှင်အောင်လုပ်ပေးခဲ့သလို တစ်ခါတလေကျရင် ယောင်္ကျားတွေမှာလည်း
လိုအပ် နေတတ်တယ်။ ကြိုးရဲ့ သဘောတရားလိုပေါ့။ ကြိုးကို လုံးဝ လျော့ထားလို့ချင်ရင် အဝေးဆုံးကိုရောက်သွားမှာပဲ။ လျော့ထားပေးတဲ့ ကြိုးပိုင်ရှင်လေးကို ကိုယ့်ဆီနီးလာအောင် တခါတလေ ကိုယ်ဘက် ပြန်ဆွဲပေးတတ်ဖို့လိုတယ်။ ကြိုးဆိုတာကလည်း သူ့အတိုင်းအတာနဲ့ သူပဲလေ၊ အဝေးကြီးရောက်သွားလို့မှ မမှီတော့ရင် တင်းပြီး ပြတ်သွားမှာပဲ။


Credit: ခွန်နေ - Khun Na



lutawlupyaw

No comments:

Post a Comment