"ဦးသန့်ရဲ့မြေး ဒေါက်တာသန်းမြင့်ဦးကို
ကမ္ဘာ့ထိပ်တန်း တွေးခေါ်သူစာရင်းထည့်သွင်း"
ကမ္ဘာကျော် Foreign Policy မဂ္ဂဇင်းက ရန်ကုန်မြို့ပြထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်ဦးအား ကမ္ဘာ့ထိပ်တန်းတွေးခေါ်သူများ စာရင်းတွင် ထည့်သွင်းဖော်ပြခဲ့ကြောင်းသိရသည်။
ရန်ကုန်မြို့ပြထိန်းသိမ်းရေး အဖွဲ့မှာရှိတဲ့ တစ်ဦးတစ်ယောက်တိုင်းရဲ့ ကြိုးစားအားထုတ်မှုကို အသိမှတ်ပြုခံရတာဖြစ်သလို မြို့ပြစီမံခန့်ခွဲမှုရဲ့ အရေးပါမှုကို ထုတ်ဖော်ပြသလိုက်တာပါပဲ ဟု ရွေးချယ်ခံရသူ ဒေါက်တာသန်းမြင့်ဦးက ပြောပါတယ်။ ရန်ကုန်မြို့ပြစီမံကိန်းရေးဆွဲခြင်း၊ မြို့ပြအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ပတ်သတ်၍ ပြည်သူများ အာရုံစိုက်မိစေရန် ကြိုးပမ်းခဲ့မှုများကြောင့် Foreign Policy က ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Foreign Policy မဂ္ဂဇင်းသည်။
ကမ္ဘာ့ထိပ်တန်းမဂ္ဂဇင်းတစ်စောင်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုတွင်အခြေစိုက်သည်။ ကမ္ဘာ့ထိပ်တန်းတွေးခေါ်သူများစာရင်းကို ၂၀၀၅ ခုနစ်မှ စတင်ကာ နှစ်စဉ်ပြုစုထုတ်ပြန်ခြင်းဖြစ်ရာ ယခုစာရင်းသည် ၁၀ ကြိမ်မြောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယမန်နှစ်က ထုတ်ပြန်သော စာရင်းတွင် နံပါတ်တစ်နေရာကို နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် နိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲရရှိခဲ့သည်။ ယခုနှစ်ထုတ်ပြန်သောစာရင်းတွင် ဒေါက်တာသန်းမြင့်ဦး အပါအဝင် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်၊ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၊ ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးနှင့် Amazon.com တည်ထောင်သူ ဂျမက်ဖ်ဘီဇေ့စ်တို့ ပါဝင်ကြောင်း သိရသည်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဦးသန့်၏ မြေးဖြစ်သူ ဒေါက်တာသန်းမြင့်ဦးသည်၊ သမိုင်းသုတေသီ ပညာရှင်တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံသမိုင်းဆိုင်ရာနှင့် စပ်လျဉ်းသည့် စာအုပ်များ ရေးသားပြုစုခဲ့သည်။
ဒေါက်တာသန်မြင့်ဦးသည် ကိန်းဗရစ်တက္ကသိုလ် ထရီနီတီကောလိပ်တွင် သမိုင်းဆရာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဟားဗတ်နှင့် ကိန်းဗရစ်တက္ကသိုလ်များတွင် ပညာလေ့လာဆည်းပူးခဲ့ကြောင်း သိရသည်။
Credit to: ilove myanmar
lutawlupyaw
No comments:
Post a Comment