"အပြုံးသင်္ကေတကို လူပေါင်း (၆၀၀၀) ကျော်နဲ့ ပုံဖော်ခဲ့"
ပြုံးပျော်ခြင်းဟာ လူသားတွေအတွက် အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ပြုံးပျော်ခြင်း သင်္ကေတဖြစ်တဲ့ Smiley ကို လူပေါင်းများစွာနဲ့ ပုံဖော်မှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။
ဒါပေမဲ့ ဖိလစ်ပိုင်နိုင်ငံမှာပြုလုပ်ခဲ့တဲ့ ပုံဖော်မှုကတော့ လူပေါင်း (၆၆၆၇) ဦး ပါဝင်ခဲ့တာမို့ ကမ္ဘာ့စံချိန်အဖြစ်မှတ် တမ်းဝင်သွားခဲ့ပါတယ်။ ပြုံးပျော်ခြင်း သင်္ကေတကို လူသားတွေနဲ့ ပုံဖော်ရာမှာ အများဆုံးအဖြစ် သတ်မှတ်ခံလိုက်ရတာ ဖြစ်ပါတယ်။ ဒီပုံဖော်ခြင်းကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ပြီးခဲ့တဲ့ မေ (၃၀) ရက်က ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ယခင်စံချိန်က ကာတာနိုင်ငံမှာ တင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့မတ်လမှာ လူပေါင်း (၄၀၄၇) ဦးနဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ယခင်စံချိန်ဟာ လအနည်းငယ်သာခံခဲ့ပြီး ကျိုးပျက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၁၅ မေ (၇) ရက်မှာလည်း ရုရှားနိုင်ငံမှာ လူသားတွေနဲ့ ကြယ်ပုံစံကို ပုံဖော်ခဲ့ရာမှာ (၆၃၉၈) ဦး ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ရုရှားအစိုးရရဲ့ ကူညီမှုနဲ့ ဒီလိုမျိုး ထူးခြားတဲ့ပုံဖော်မှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
Credit: messenger
Monday, June 22, 2015
"အပြုံးသင်္ကေတကို လူပေါင်း (၆၀၀၀) ကျော်နဲ့ ပုံဖော်ခဲ့"
Labels:
နိုင်ငံတကာ သတင်း
Location:
Lewe, Republic of the Union of Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment