Friday, June 26, 2015
"သခွားသီးကို ဘာကြောင့် ပုံမှန်စားပေးသင့်သလဲ"
"သခွားသီးကို ဘာကြောင့် ပုံမှန်စားပေးသင့်သလဲ"
ရေခဲသေတ္တာအတွင်း သခွားသီး မရှိတဲ့အိမ် မရှိသလောက်ဖြစ်မယ်လို့ ကျွန်ုပ်ယူဆပါတယ်။ သခွားသီးဟာ နေ့စဉ်ပုံမှန် ဟင်းလျာစာရင်းမှာ ပါဝင်သင့်တဲ့ အရာလည်းဖြစ်ပါတယ်။
သခွားသီးမှာ ရေဓာတ်၊ ပရိုတိန်းဓာတ်၊ အမျှင်ဓာတ်နဲ့ အနည်းသောအဆီဓာတ် စသည်တို့ ပါဝင်ပါတယ်။ သတ္တုဓာတ်၊ သံဓာတ်၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်နဲ့ ဖော့စ်ဖောရပ်စ်တို့ ပေါကြွယ်ဝပါတယ်။ C, A, B6, B12, riboflavin, niacin, thiamin စတဲ့ ဗီတာမင် (vitamin) တွေပါဝင်တယ်။
ဒါတွေအားလုံးတို့ဟာ ဇီဝကမ္မ တစ်ခုလုံးအတွက် အကျိုးပြုပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ သခွားသီးက ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တွေပျက်စီးစေသော၊ အစာချေဖျက်မှုကို ဟန်ချက်ညီစေသော၊ နောက်ပြီး အစာကြေစေခြင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ ဘက်တီးရီးယားဖြစ်ပွားမှုကို တိုးမြင့်စေသော အရင်းအမြစ်များမှတဆင့် ခန္ဓာကိုယ်ကို ကာကွယ်ပေးပါတယ်။
သခွားသီးက အသည်းကို ကာကွယ်ပေးပြီး ခန္ဓာကိုယ်မှ အဆိပ်အတောက်များကိုလည်း ကူညီ စစ်ထုတ်ပေးပါတယ်။ ဆီးချိုရောဂါ ထိန်းညှိပေးခြင်း၊ အစာအိမ် ကာကွယ်ပေးခြင်းနဲ့ ပြည်တည်နာဖြစ်ပွားခြင်းများ ကာကွယ်ဖို့အတွက် အလွန်ကောင်းမွန်ပါတယ်။
Ref: NHC
Credit: Trend Myanmar
Labels:
ကျန်းမာရေး,
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment