Wednesday, June 24, 2015

"ဗြိတိန်နိုင်ငံမှာ CD ပြားမှတဆင့် MP3 Player သို့ သီချင်းကူးပြောင်း ထည့်သွင်းတာဟာ ရာဇဝတ်မှု ကျူးလွန်တာဖြစ်"


"ဗြိတိန်နိုင်ငံမှာ CD ပြားမှတဆင့် MP3 Player သို့ သီချင်းကူးပြောင်း ထည့်သွင်းတာဟာ ရာဇဝတ်မှု ကျူးလွန်တာဖြစ်"

ဂီတအဖွဲ့အစည်း အများအပြားက ဥပဒေနဲ့ ဆန့်ကျင်သော ကိုယ်ရေးကိုယ်တာ အသုံးပြုခြင်းအတွက် သီချင်းတွေ ကော်ပီကူးယူခြင်းနဲ့ ပတ်သက်ပြီး တရားရေးဆိုင်ရာ ပြန်လည်သုံးသပ်ချက်တစ်ခုကို ဗြိတိန်အစိုးရမှ တရားဝင် သတ်မှတ်ပြီးနောက် တစ်နှစ်အကြာမှာ အောင်မြင်ပြီးစီးခဲ့ပါတယ်။

မိမိဝယ်ယူထားတဲ့ CD ပြားများမှတဆင့် MP3 Player သို့ သီချင်း ကူးယူပြောင်းထည့်တာ ဥပဒေနဲ့ဆန့်ကျင်ကြောင်း သက်ဆိုင်ရာ အစိုးရမှ တရားဝင်ဖြစ်စေသည့် အချိန်မတိုင်ခင်အထိ လူအများစု မသိခဲ့ကြပါဘူး။

သို့သော် ဂီတအနုပညာရှင်များအသင်း (Musician’s Union)၊ ဗြိတိသျှတေးရေးဆရာ၊ တေးရေး တေးဆိုများနဲ့ စာရေးဆရာများ အသင်းအဖွဲ့ (British Academy of Songwriters, Composers and Authors) အတွက် ကျင့်သုံးဖို့ တရားရေး သုံးသပ်ချက်တစ်ခုမှာ CDs ၊ hard drives နဲ့ memory sticks စတဲ့ အလွတ်မီဒီယာ (blank media) ပေါ် အခွန်ရှိသင့်ကြောင်း တခြားဥရောပနိုင်ငံတွေမှာ ကျင့်သုံးတဲ့ ဖော်မြူလာတစ်ခုဖြစ်တဲ့ မူပိုင်ခွင့် ကိုင်ဆောင်ထားသူကြား ယင်းမှ ရရှိတဲ့ ပိုက်ဆံကို ခွဲဝေသင့်ကြောင်း စသည်တို့ကို ပြောဆိုဆွေးနွေးခဲ့ပါတယ်။


Ref: Metro

Credit: Trend Myanmar

No comments:

Post a Comment