Saturday, June 20, 2015

"ကြက်တူရွေးလူသား"


"ကြက်တူရွေးလူသား"

အင်္ဂလန်နိုင်ငံ၊ ဘရစ္စတိုးမြို့မှာ နေထိုင်တဲ့ တက်ရစ်ချတ်ဟာ ထူးခြားတဲ့ ပုံစံကြောင့် ပတ်ဝန်းကျင်က လူတွေအတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ အသက် (၅၆) နှစ် ရှိသွားပြီဖြစ်ပေမယ့် လူငယ်တွေတောင် မလုပ်ရဲတဲ့ ပုံစံမျိုး ပြုလုပ်ထားပါတယ်။ သူ့ကို ကြက်တူရွေး လူသားလို့လည်း အမည်ပြောင် ပေးထားပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ သူဟာ ကြက်တူရွေးပုံစံအတိုင်း ပြုမှုခဲ့တာကြောင့် ဖြစ်ပါတယ်။ သူ့ကို ကြည့်လိုက်ရင် ကြက်တူရွေးနဲ့ တူနေသလို လက်ထဲမှာလည်း ကြက်တူရွေး တစ်ကောင်ကို အမြဲတမ်း ကိုင်ထားပါတယ်။ ခန္ဓာကိုယ်မှာ ဆေးမင်ကြောင်ပေါင်း (၁၀၀) ကျော်ရှိနေပြီး  လျှာတွေ၊ မျက်စိတွေကိုလည်း ပြုပြင်ထားပါတယ်။

ခန္ဓာကိုယ်မှာ ချိတ်ဆွဲထားတဲ့ ကွင်းတွေကလည်း အခု (၃၀) ကျော်ရှိနေပြီး မျက်လုံးကို ဆေးမင်ကြောင် ရေးထိုထားပါတယ်။ နောက်ပြီး လျှာကိုလည်း နှစ်ခွဖြစ်အောင် ပြုလုပ်ပေးထားပါတယ်။ ဖိနပ်စက်ရုံ လုပ်သားဟောင်း တက်ရစ်ချတ်ဟာ  ၁၉၇၆ ခုနှစ်မှာ ပထမဆုံး ဆေးမင်ကြောင် စထိုးခဲ့ပြီး လက်ရှိအချိန်မှာ ဆေးမင်ကြောင် (၁၀၀) ကျော်နဲ့ ခန္ဓာကိုယ်ကို ခွဲစိတ်မှုတွေ ပြုလုပ်ထားတာကြောင့် ငွေကြေးများစွာ ကုန်ကျခဲ့ပါတယ်။ ရလာတဲ့ အကျိုးဆက်ကတော့ ဝေဖန်ခံရခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ တက်ရစ်ချတ်က ကိုယ်ကြိုက်တဲ့ အရာကို ပြုလုပ်ခြင်းကြောင့် ဝေဖန်မှုတွေကို ဂရုစိုက်နေမှာ မပာုတ်ကြောင်း ဟြေကြားခဲ့ပါတယ်။


Credit: messenger

No comments:

Post a Comment