"လက်နှစ်ဖက် မရှိပေမယ့် အရာအားလုံးကို လုပ်နိုင်သူ"
လက်နှစ်ဖက်တော့ မရှိပါဘူး။ ဒါပေမဲ့ အရာရာကို လုပ်နိုင်စွမ်းရှိပါတယ်။ မွေးရာပါ လက်နှစ်ဖက် မပါဝင်ခဲ့တာ ဖြစ်ပေမယ့် ဘ၀ကို လုံးဝအရူံးပေးခဲ့ခြင်း မရှိဘဲ အရာအားလုံးကို လေ့လာ သင်ယူခဲ့တာကြောင့် လေယာဉ်မောင်း လိုင်စင်ကိုတောင် ရယူနိုင်ခဲ့ပါတယ်။ ဒါဟာ ထူးခြားမူဖြစ်ပြီး လက်နှစ်ဖက် မရှိသူတွေထဲမှာ ပထမဆုံး လေယာဉ်မောင်းနှင်နိုင်သူအဖြစ် သတ်မှတ်ခံရတာ ဖြစ်ပါတယ်။ ဒါ့အပြင် တိုက်ကွမ်ဒို ကစားနည်းမှာလည်း ခါးပတ်နက်ကို ရယူထား ပါတယ်။
မွေးရပါ မသန်စွမ်း ဖြစ်ခဲ့ပေမယ့် အရာအားလုံးကို လုပ်ပြခဲ့ပြီး ဘ၀တူတွေအတွက် လေးစားအားကျစရာ ဖြစ်ခဲ့ပါတယ်။ အသက် (၃၂) နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဂျက်ဆီကာကော့စ်ဟာ ငယ်စဉ်ကတည်းက ဘ၀ကို ရုန်းကန်ခဲ့ရသူ ဖြစ်ပါတယ်။ မွေးရာပါ လက်နှစ်ဖက် မပါဝင်တာကြောင့် လက်တုကို အသုံးပြုပြီး စာရေးနိုင်အောင် ကြိုးစားခဲ့ရပါတယ်။ ဒီနောက် ခြေထောက်နှစ်ဖက်နဲ့ စာရေးနိုင်အောင် ကြိုးစားခဲ့ရာကနေ အရာအားလုံးကို ခြေထောက်နှစ်ဖက်ကို အသုံးပြုပြီး လုပ်နိုင်စွမ်း ရှိလာပါတယ်။ ဂျက်ဆီကာဟာ သူ့ရဲ့ ခြေထောက်တွေနဲ့ အရာအားလုံးကို လုပ်နိုင်ကြောင်း သက်သေပြချင်တာကြောင့် ပြီးခဲ့တဲ့ ငါးနှစ်မှာ လေယာဉ်မောင်း လိုင်စင်ရအောင် ပြုလုပ်ခဲ့ပါတယ်။ အမေရိကန် တိုက်ကွမ်ဒိုအဖွဲ့ချုပ်မှာ လက်နှစ်ဖက် မရှိဘဲ ပထမဆုံး ခါးပတ်နက် ရယူနိုင်သူ ဖြစ်လာခဲ့ပါတယ်။ ဂျက်ဆီကာဟာ အသက် (၃၀) နှစ် အရွယ်ရှိ ချိန်ဘာလိန်နဲ့ လက်ထပ်ထားပြီး သူတို့ ဇနီးမောင်နှံဟာ မသန်စွမ်းဖြစ်နေတဲ့ ကလေးငယ်တွေကို ကူညီမှုတွေ ပေးနေပါတယ်။
ဂျက်ဆီကာဟာ ကားမောင်ခြင်း၊ ကွန်ပျူတာ အသုံးပြုခြင်း၊ ပီယာနိုတီးခြင်း စတာတွေကိုလည်း ပြုလုပ်နိုင်စွမ်းရှိပါတယ်။ ဂျက်ဆီကာက လူတွေဟာ လက်နှစ်ဖက်မရှိတော့ရင် စွမ်းဆောင်နိုင်မှုအား ကျဆင်းသွားတယ်လို့ ယူဆထားကြောင်း၊ မိမိအနေဖြင့် ယင်းအချက် မှားယွင်းကြောင်းကို သက်သေပြသနိုင်ခဲ့ကြောင်း ဟြေကြားခဲ့ပါတယ်။ ဂျက်ဆီကာဟာ အသက်သုံးနှစ် အရွယ်မှာ ကျွမ်းဘားကို စတင်ကစားခဲ့ပြီး အသက်ငါးနှစ်မှာ ရေကူးခြင်း၊ အသက်ခြောက်နှစ်မှာ အကကခြင်း၊ အသက် (၁၀) နှစ်မှာ တိုက်ကွမ်ဒို ကစားခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။ လက်ရှိ လက်ထပ်ထားသူကို တိုက်ကွမ်ဒို လေ့ကျင့်ရေးမှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဂျက်ဆီကာက မသန်စွမ်း ဖြစ်နေခြင်းကြောင့် စိတ်ပျက်စရာ မလိုကြောင်း၊ မိမိအနေဖြင့် ဘ၀တူများကို အားပေးမှုများ ပြုလုပ်သွားမှာ ဖြစ်ကြောင်း ဟြေကြားခဲ့ပါတယ်။
Credit: messenger
Tuesday, June 30, 2015
"လက်နှစ်ဖက် မရှိပေမယ့် အရာအားလုံးကို လုပ်နိုင်သူ"
Labels:
ဂုဏ်ယူလေးစားဖွယ်,
ဗဟုသုတ
Location:
Lewe, Republic of the Union of Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment