Saturday, June 20, 2015

"ရင်ကျပ်ရောဂါ ပျောက်ချင်ရင် ငါးအရှင်ကို မျိုချ"


"ရင်ကျပ်ရောဂါ ပျောက်ချင်ရင် ငါးအရှင်ကို မျိုချ"

ရင်ကျပ်ရောဂါ ပျောက်ချင်ရင် ဆေးတွေ သောက်စရာမလိုဘဲ ပျောက်ကင်းအောင် ကုသပေးတဲ့ ကုထုံးတစ်ခု ရှိပါတယ်။ ဒါပေမဲ့ အနည်းငယ် သတ္တိရှိဖို့တော့ လိုပါလိမ့်မယ်။ ရင်ကျပ်ရောဂါ ဝေဒနာရှင်ကို ငါးအရှင် တစ်ကောင် မျိုချခိုင်းလိုက်တာနဲ့ ရောဂါဝေဒနာ ပျောက်ကင်း သက်သာသွားမှာ ဖြစ်ပါတယ်။ ဒီကုသနည်းကို အိန္ဒိယနိုင်ငံရှိ ပာိုက်ဒရာဘတ်မြို့မှာ မိသားစုတစ်စုက ပြုလုပ် ပေးနေခြင်း ဖြစ်ပါတယ်။

နှစ်စဉ် ဇွန်လ ရောက်တဲ့အခါတိုင်း ငါးအရှင်တစ်ကောင်ကို အ၀ါရောင်ဆေးနဲ့ သုတ်လိမ်းကာ မျိုချစေပြီး ကုသပေးတာ ဖြစ်ပါတယ်။ လာတဲ့ သူတိုင်းကို ဒီလိုမျိုး ပြုလုပ်ပေးတာဖြစ်ပြီး ယင်းသို့ ပြုလုပ်ပေးခြင်းကြောင့် အသက်ရှူလမ်းကြောင်း ကောင်းမွန် စေတယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံတစ်ဝန်းက ထောင်ပေါင်းများစွာသော ရင်ကျပ်ဝေဒနာရှင်တွေဟာ ဒီကုထုံးကို ခံယူဖို့ နှစ်စဉ် လာရောက်ကြပါတယ်။ ဘီသာနီဂေါ့ မိသားစုက နှစ်ပေါင်းများစွာက ပိုင်ဆိုင်ထားတဲ့ ကုထုံးအတိုင်း ကုသပေးနေတာ ဖြစ်ပါတယ်။ ဒီကုထုံးဟာ ဟိန္ဒူလူမျိုးတွေရဲ့ လျှို့ဝှက်နက်နဲတဲ့ ဆေးပညာဖြစ်ပြီး ငါးကို မျိုချရာမှာ ပါဝင်တဲ့ အ၀ါရောင် ဆေးတွေမှာ ဘာတွေ ပါဝင်သလဲဆိုတာကို ဆေးကုသပေးနေတဲ့ မိသားစုက ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ (၅) စင်တီမီတာလောက် ရှိတဲ့ ငါးကို အစိမ်းလိုက် မျိုချရတာ ဖြစ်တာကြောင့် အချို့ ကလေးငယ်တွေဟာ အော့အန်မှုတွေ ရှိခဲ့ပေမယ့် ယုံကြည်စွာနဲ့ လာရောက် ကုသသူတွေကတော့ နှစ်စဉ် အမြဲတမ်းရှိနေပါတယ်။ ဒီကုသမှုကို ဆရာဝန်တွေနဲ့ လက်တွေ့ကျမှုကို ယုံကြည်သူတွေက ကန့်ကွက်နေကြပေမယ့် လာရောက်သူ အများအပြားရှိတာကြောင့် အဆင်ပြေ သွားလာနိုင်ဖို့  အစိုးရက ရထားတွေ စီစဉ်ပေးရတယ်လို့ သိရပါတယ်။ ဒီကုသနည်းဟာ နှစ်ပေါင်း (၁၅၆) နှစ် တိုင်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။


Credit: messenger

No comments:

Post a Comment