Saturday, June 20, 2015

"ချစ်သူနှစ်ဦး ရန်ဖြစ်ပြီး ရေထဲခုန်ဆင်းခဲ့လို့ သေဆုံးသွား"


"ချစ်သူနှစ်ဦး ရန်ဖြစ်ပြီး ရေထဲခုန်ဆင်းခဲ့လို့ သေဆုံးသွား"

တရုတ်နိုင်ငံ၊ ဟီနန်ဒေသမှာ ချစ်သူနှစ်ဦးဟာ စကားများကြရင်း ရေထဲခုန်ဆင်း သွားခဲ့လို့ နှစ်ဦးစလုံး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ အလောင်း နှစ်လောင်းစလုံးကို ဆယ်ယူနိုင်ခဲ့ပြီးနောက် ဘာကြောင့် ဖြစ်ရသလဲ ဆိုတာကို စုံစမ်းကြည့်တဲ့အခါ အချင်းများရာကနေ စတင်ခဲ့တယ်လို့ ပတ်ဝန်းကျင်က လူတွေက ဟြေကြားခဲ့ပါတယ်။ ချစ်သူနှစ်ဦးဟာ ကမ်းစပ်မှာ ထိုင်ခဲ့ပြီးနောက် သောက်စားမှုတွေ ပြုလုပ်ခဲ့ကြောင်း၊ မိဘတွေကြောင့် အချစ်ရေးဟာ အဆင်ပြေမှု မရှိတော့သည်ကို ပြောဆိုခဲ့ကြောင်း၊ စကားများကြပြီးနောက် ကောင်မလေးက ရေထဲဆင်းသွားခြင်း ဖြစ်ကြောင်း၊ ယင်းနောက် ကောင်လေးပါ လိုက်ဆင်း သွားခဲ့ကြောင်း မျက်မြင်သက်သေတွေက ရဲတပ်ဖွဲ့ဝင်တွေကို ဟြေကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေး သမားတွေ လိုက်လံရှာဖွေမှု ပြုလုပ်တဲ့အခါ သေဆုံးသူရဲ့ ပိုက်ဆံအိတ်၊ မှတ်ပုံတင်ကတ်တွေကို တွေ့ရှိခဲ့ရပါတယ်။ သေဆုံးသွားတဲ့ ကောင်လေးက အသက် (၂၁) နှစ်၊ ကောင်မလေးက အသက် (၂၀)နှစ်သာ ရှိသေးပြီး မိဘတွေကို အကြောင်းကြား ထားတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံမှာ အချစ်အတွက်နဲ့ အခုလို မျိုးဖြစ်ရပ်တွေ မကြာခဏ ကြုံတွေ့နေရကြောင်း သိရပါတယ်။


Credit: messenger

No comments:

Post a Comment