"အက်ပဲ နာရီကို အိတ်ဆောင်နာရီအဖြစ်ပါ ဆွဲကြိုးနဲ့ သုံးနိုင်မည်"
ရှေးခေတ်က အိတ်ဆောင် နာရီလေးများ ပြန်ခေတ်စားလာဖို့ရှိသည်။ အကြောင်းမူကား ဒီဇိုင်းပညာရှင် တစ်ယောက်က အက်ပဲ နာရီကို လက်ပတ်ကြိုးများဖြုတ်ကာ ဆွဲကြိုးနဲ့တွဲပြီး အိတ်ဆောင် နာရီအဖြစ် ဖန်တီးလိုက်သောကြောင့် ဖြစ်သည်။
အမေရိကန် တက္ကဆက်ပြည်နယ်အခြေစိုက် ဖက်ရှင်ဒီဇိုင်နာ တွမ်ဖို့ဒ်က တီထွင်ဖန်တီးလိုက်ခြင်း ဖြစ်သည်။ အင်္ကျီအောက်မှာ ဆွဲကြိုးနဲ့တွဲပြီး အတွင်းအိတ်ထဲ ထည့်ထားရမည်ဖြစ်သည်။ အက်ပဲနာရီကို ရှေးခေတ်စတိုင်ဖြင့် တစ်မျိုးဆန်းပြီး သုံးနိုင်ကြမည် ဖြစ်သည်။ မြင်ရတာ စတိုင်ကျသော်လည်း လက်မှာ ပတ်ခြင်းမရှိသောကြောင့် အက်ပဲနာရီ အောက်ဘက်တွင်ပါသော အာရုံခံကိရိယာများက လက်နဲ့ထိကာ သွေးခုန်နှုန်း အပါအ၀င် အမျိုးမျိုးသော ကျန်းမာရေး အချက်အလက်များ ထောက်လှမ်းသည့်စနစ်ကတော့ အသုံးမ၀င်ဘဲ ဖြစ်သွားနိုင်သည်။
စတင်ရောင်းချမည့် အချိန်နှင့် ဈေးနှုန်းကိုမူ ထုတ်ပြန်ကြေညာခြင်း မရှိသေး။
Source: Daily Mail
Credit: messenger
Tuesday, June 23, 2015
"အက်ပဲ နာရီကို အိတ်ဆောင်နာရီအဖြစ်ပါ ဆွဲကြိုးနဲ့ သုံးနိုင်မည်"
Labels:
နည်းပညာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment