Saturday, June 27, 2015

"သိထားသင့်သော ခန္ဓာကိုယ်၏ လျှို့ဝှက်ချက်များ"

"သိထားသင့်သော ခန္ဓာကိုယ်၏ လျှို့ဝှက်ချက်များ"

လူသားတွေရဲ့ ခန္ဓာကိုယ်မှာ သဘာဝကပေးထားတဲ့ အံဖွယ်စွမ်းအင်တွေ ရှိပါတယ်။ ခန္ဓာကိုယ်မှာ သင်မသိသေးတဲ့ အရာတွေ များစွာရှိနိုင်ပါသေးတယ်။ ဘာတွေလဲ ကြည့်ရအောင်ပါ။

သင့်ရဲ့လက်ကောက်ဝတ်ကနေ တံတောင်ဆစ်အထိ အကွာအဝေးဟာ သင့်ခြေဖဝါးအတိုင်းနဲ့ ကွက်တိပါပဲ။

သင့်ရဲ့နှလုံးက တစ်ရက်ကို အကြိမ်ပေါင်း ၁၀၁,၀၀၀ လောက်ခုန်ပါတယ်။ ပျှမ်းမျှတွက်ကြည့်ရင် သက်တမ်းစေ့နေရတဲ့သူတစ်ယောက်က တသက်မှာ နှလုံးခုန်တဲ့အကြိမ်ရေ ၃ ဘီလီယံရှိပါတယ်။

လူအများစုက ကိုယ့်တံတောင်ကို လျှာနဲ့ပြန်လျှက်လို့ မရပါဘူး။ လူအနည်းစုတော့ ရနိုင်ပါတယ်။

သင့်ပါးစပ်က တစ်ရက်ကို တံတွေး ၁ လီတာလောက် ထွက်လေ့ရှိပါတယ်။

လူသားဦးခေါင်းမှာ အရိုး ၂၂ ချောင်းရှိပါတယ်။

လူတိုင်း တစ်မိနစ်လောက်တော့ အသက်မရှုပဲ အောင့်ထားလို့ရပါတယ်။ အသက်မရှုပဲ အောင်ထားနိုင်တဲ့ ကမ္ဘာ့စံချိန်က ၂၁ မိနစ်နဲ့ ၂၉ စက္ကန့် ဖြစ်ပါတယ်။

ပျှမ်းမျှအားဖြင့် သင်တစ်ရက်ကို စကားလုံး ငါးထောင်လောက် ပြောလေ့ရှိပါတယ်။ ဒါပေမယ့် ပြောသမျှရဲ့ ၈၀ ရာခိုင်နှုန်းက သင့်အကြောင်းတွေ ဖြစ်နေတက်ပါတယ်။

သင့်ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရေဓါတ်စုစုပေါင်းရဲ့ ၁ ရာခိုင်နှုန်း ဆုံးရှုံးသွားတာနဲ့ သင် ရေဆာလာတက်ပါတယ်။

သင်ဟာ တစ်ရက်ကို အကြိမ်ပေါင်း ၁၅၀၀၀ လောက် မျက်တောင်ခပ်လေ့ရှိပါတယ်။ အမျိုးသမီးတွေကတော့ ဒါထက်နှစ်ဆပိုခပ်ပါတယ်။

လူတစ်ရာမှာ ၅၅ ယောက်လောက်က သူများ သန်းတာမြင်ရင် လိုက်သန်းလေ့ရှိပါတယ်။


Credit: Planet


No comments:

Post a Comment