Monday, June 22, 2015

"အိပ်မက်ဆုံရာ ရာသက်ပန်နောက်ဆုံးအဆင့်မှာ ဗိုလ်လုရမယ့် အောင်ထက်နဲ့ ဂျေနဗီ"

"အိပ်မက်ဆုံရာ ရာသက်ပန်နောက်ဆုံးအဆင့်မှာ ဗိုလ်လုရမယ့် အောင်ထက်နဲ့ ဂျေနဗီ"

တင်ဆက်မှုပုံစံသစ်များ ပြောင်းလဲခဲ့သည့် အိပ်မက်ဆုံရာ ရာသက်ပန်အစီအစဉ်၏ နောက်ဆုံးအဆင့်သို့ ပြိုင်ပွဲဝင် အောင်ထက်နှင့် ဂျေနဗီတို့ တက်ရောက်နိုင်ခဲ့ပြီး ပြိုင်ပွဲကို ဇူလိုင် ၅ ရက်တွင် Strand ဟိုတယ်၌ ပြုလုပ်မည်ဟု Forever BecTro Country မန်နေဂျာ ကိုစိုးသူရက ပြောသည်။

‘‘နောက်ဆုံးကျန်တဲ့ နှစ်ယောက်ကနေ Winner ရွေးမယ်။ ကျန်တဲ့လူတွေ (ပြိုင်ပွဲဝင်) တွေကတော့ ဖျော်ဖြေရေး သက်သက်ပဲ’’ ဟု ၎င်းကပြောသည်။

ပြိုင်ပွဲနောက်ဆုံးအဆင့်သို့ တက်ရောက်သွားသူနှစ်ဦးမှာ ပရိသတ်အားပေးမှု အများဆုံး ရရှိထားသူများဖြစ်သည့် အောင်ထက်နှင့် ဂျေနဗီတို့ဖြစ်ပြီး ဇူလိုင် ၅ ရက်တွင် ၎င်းတို့နှစ်ဦး ဆက်လက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

အိပ်မက်ဆုံရာ ရာသက်ပန် အစီအစဉ်ကို ယခုနှစ် နှစ်ဆန်းတွင် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်၊ မန္တလေးနှင့် ဘားအံမြို့များ၌ လူရွေးပွဲများ ပြုလုပ်ခဲ့သည်။ ထို့နောက် ဆန်ခါတင် ပြိုင်ပွဲဝင်များ ရွေးချယ်၍ အပတ်စဉ်ပြိုင်ပွဲပြုလုပ်ကာ အဆင့်ဆင့် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

‘‘နောက်ဆုံးပြိုင်ပွဲကို ပရိသတ်တွေပါ   ကြည့်လို့ရမယ်။ လက်မှတ်တွေကိုတော့ ကျပ် ငါးထောင်၊ တစ်သောင်း နှစ်မျိုး သတ်မှတ်ပြီး ရောင်းပေးမယ်’’ ဟု ကိုစိုးသူရက ပြောသည်။

အကဲဖြတ် ဒိုင်များအနေဖြင့် ပွဲစဉ်တစ်လျှောက် ဒိုင်အဖြစ် ဆောင်ရွက်သူများသာ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပြီး ယခင်ဒိုင်လေးဦးအပြင် နောက်ထပ်ဒိုင်တစ်ဦး ထပ်မံထည့်သွင်းရန် စီစဉ်နေကြောင်း ၎င်းက ပြောသည်။ အိပ်မက်ဆုံရာ ရာသက်ပန် ဆုရရှိသူအပါအဝင် နောက်ဆုံး အဆင့်အထိ ရောက်ရှိခဲ့သော ပြိုင်ပွဲဝင်သုံးဦးကို စီးရီးထုတ်ပေးရန် စီစဉ်ထားကြောင်း ကိုစိုးသူရက ပြောသည်။

အိပ်မက်ဆုံရာ ရာသက်ပန် အစီအစဉ်သည် ပရိသတ်အားပေးမှုကြောင့် ပြိုင်ဆိုင်မှု ပြင်းထန်သည့် ပြိုင်ပွဲတစ်ခုဖြစ်ပြီး ပရိသတ် မဲပေးဆုံးဖြတ်သည့် အစီအစဉ်များ ပါဝင်ခြင်းကြောင့် ဝေဖန်မှုများလည်း ရှိခဲ့သည်။


Credit: 7day daily


No comments:

Post a Comment