Friday, June 26, 2015

"မိမိ ရုပ်ဆိုးခြင်းကို အမှုမထားဘဲ ရဲဝံ့စွာ နေသူများကို လူ ပိုစိတ်ဝင်စား"

"မိမိ ရုပ်ဆိုးခြင်းကို အမှုမထားဘဲ ရဲဝံ့စွာ နေသူများကို လူ ပိုစိတ်ဝင်စား"

အွန်လိုင်းက ဒိတ်လုပ်တာ အဆင်မပြေ ဖြစ်နေပါသလား။ ဒါဟာ ရုပ်ရည် ချောမော ပြေပြစ်နေလို့ ဖြစ်ပါလိမ့်မည်။ ရုပ်ဆိုးသူများ အင်တာနက် ၀က်ဘ်ဆိုဒ်ပေါ်တွင် လူအာရုံစိုက် ပိုခံရကြောင်း မကြာခင်ကမှ လေ့လာ တွေ့ရှိခဲ့ရသည်။

အွန်လိုင်းတွင် ဒိတ်လုပ်သည့် ၀က်ဘ်ဆိုက်များကို လေ့လာမှုအရ စိတ်လှုပ်ရှားစရာ လူမျိုးနှင့် ချိန်းတွေ့လိုပါက မိမိ၏ အားနည်းချက်ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ကာ ဓာတ်ပုံရိုက်ပြီး ပုံတင်ခြင်းက ပိုပြီး ထိရောက်မှုရှိကြောင်း သိရသည်။

တစ်စုံတစ်ယောက် ကြည့်ကောင်း မကောင်းဟူသည် အကြည့်ခံရသူပေါ် မူမတည်ဘဲ ကြည့်သူ၏ ထင်မြင်ချက်ပေါ်သာ မူတည်နေကြောင်းလည်း လေ့လာမှု စစ်တမ်းများက ဖော်ပြထားသည်။

အမျိုးသမီးများ အနေဖြင့် အမျိုးသားများဆီက တုံ့ပြန်မှု များများလိုချင်လို့ ကြိုးပမ်းလေ၊ ကိုယ့်အပေါ် အကောင်းမြင်မှု နည်းသွားလေ အဖြစ်မျိုးလည်း ကြုံကြရကြောင်း စစ်တမ်းက ဖော်ပြသည်။ သို့ဖြစ်ရာ မိမိ ရုပ်ဆိုးလျှင်ပင် မိမိအရှိအတိုင်း ရဲဝံ့စွာ ပုံတင်ခြင်းသည် အင်တာနက်မှာ အခြားသူများက ပိုအာရုံစိုက်မိစေမည့် နည်းလမ်းကောင်းတစ်ရပ် ဖြစ်ကြောင်း စစ်တမ်းက ဆိုသည်။

Credit: The Messenger


No comments:

Post a Comment