Friday, June 26, 2015

"သင်အိပ်စက်တဲ့ ပုံစံ အနေအထားဟာ သင့်ကျန်းမာရေး အခြေအနေကို ဖော်ပြပေးနေ"

"သင်အိပ်စက်တဲ့ ပုံစံ အနေအထားဟာ သင့်ကျန်းမာရေး အခြေအနေကို ဖော်ပြပေးနေ"

တခါတရံမှာ မိမိအိပ်တဲ့ပုံစံက မိမိကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေတတ်ပါတယ်။ မိမိအကျင့်တွေ ပြောင်းဖို့ ခဲယဉ်းပါတယ်။ ဒါပေမယ့် မိမိကြိုက်နှစ်သက်တဲ့ အိပ်စက်မှုပုံစံက  မိမိကျန်းမာရေးကို အကျိုးဖြစ်စေလား သို့မဟုတ် အနှောင့်အယှက်တွေဖြစ်စေသလား အရင်သိဖို့ အရေးကြီးပါတယ်။

၁။ ပက်လက်အိပ်ခြင်း

အားသာချက်

ပက်လက်အိပ်တာ ကိုယ်အလေးချိန် ဟန်ချက်ညီအောင် ထိန်းပေးပါတယ်။ ခန္ဓာကိုယ်တွင်းရှိ အင်္ဂါရပ်တွေကို တန်းညှိပေးပါတယ်။ ကျောပြင်ကို ဖြောင့်တန်းနေစေဖို့ ဒူးဆစ်အောက်မှာ ခေါင်းအုံးတစ်လုံးသာ ထားပေးဖို့လိုပါတယ်။

အားနည်းချက်

ကိုယ်က ဟောက်တတ်သူ တစ်ယောက်ဆိုရင် တဖက်စောင်းလှည့်အိပ်တာ ကောင်းချင်မှကောင်းပါလိမ့်မယ်။ ပက်လက်အိပ်ခြင်းက ဟောက်သံကို ပိုဆိုးစေတတ်တယ်။

၂။ စောင်းအိပ်ခြင်း

အားသာချက်

ဒူးကွေးပြီး ကလေးလို စောင်းလျက်အိပ်တာ ကြောကိုက်ဝေဒနာကို ပျောက်ကင်းစေနိုင်တယ်။ ခေါင်းကို ပုံမှန်အနေအထားတစ်ခုမှာ ရှိနေအောင် ခေါင်းအုံးသုံးဖို့ အရေးကြီးပါတယ်။ ဒါမှ ခေါင်းအောက်မရောက်ဘဲ ကိုယ်ဟန်အနေအထားကို ဘာမှမဖြစ်စေမှာဖြစ်တယ်။ နောက်တစ်ချက်က ဘယ်ဘက်ခြမ်းစောင်းအိပ်တာ ရင်ပူရင်ဆာမှုဝေဒနာ လျော့နည်းစေပါတယ်။

အားနည်းချက်

စောင်းအိပ်ခြင်းရဲ့ အားနည်းချက်အပိုင်းက မရှိသလောက်လို့ပဲ ပြောရပါမယ်။

၃။ ဝမ်းလျားမှောက်အိပ်ခြင်း

အားသာချက်

ကျောကုန်းအောက်ပိုင်း နာကျင်ကိုက်ခဲတဲ့အချိန် အထူးသဖြင့် ဝမ်းလျားမှောက်အိပ်တာ ချပ်ပြားဝိုင်း အရိုးနုလွှာ အဖိခံရခြင်းမှ ကင်းလွတ်စေနိုင်တယ်။

အားနည်းချက်

ဝမ်းလျားမှောက်အိပ်တာ အလွန်အန္တရာယ်များတဲ့ အနေအထား တစ်ခုဖြစ်ပါတယ်။ သူ့သဘာဝအတိုင်း ကွေးနေတဲ့ ကျောကုန်းအောက်ပိုင်းကို ပြန့်စေပြီး ခေါင်းကို တစ်ဖက်ဖက်သို့ လှည့်နေရမယ့် အနေအထားဖြစ်ကာ လည်ပင်းရိုးကို ရွဲ့စောင်းစေပါတယ်။


Credit: Trend Myanmr


No comments:

Post a Comment