"လောကကြီးကို အပြစ်တင်နေတဲ့သူများ၏ တူညီချက်များ"
ကိုယ်က မမှားဘူးလို့ ထင်မြင်နေမဲ့လည်း တကယ်တမ်းကတော့ အမှားတွေကို လုပ်မိခဲ့တယ်။
ဒီအမှားတွေကြောင့်လည်း အိမ်မက်ဆိုးတွေဟာ ကိုယ်ရဲ့ အရိပ်တခုလို အနောက်ကနေ တကောက်ကောင်လိုက်နေတယ်လို့ ထင်နေမိတယ်။ ဒါပင်မဲ့လည်း အတိတ်ကို တွေးပြီး အရမ်းကြောက်နေရင်တော့ ရေရှည်မှာ ပြသာနာရှိလာမှာပါ။ ကိုယ်တိုင်လည်း သိသင့်တဲ့အချက်၊ ပြင်သင့်တာလေးတွေကို ရေးလိုက်ပါပြီ။
ဘဝက ဘယ်တော့မှ အဆင်ပြေမယ်လို့ မထင်ပါ။
ဘဝမှာ အမြဲတမ်း အခက်အခဲတွေနဲ့ ကြုံတွေ့နေချိန်မှာ လက်မြှောက်အရှုံးမပေးပါနဲ့။ ပြသာနာဆိုတာ ပြေလည်သွားမယ်ပါ။ လွတ်ရာလွတ်ကြောင်း ထွက်မပြေးပဲနဲ့၊ ဘယ်လိုဖြေရှင်းရမယ်ဆိုတာကို အရင်စဉ်းစားပါ။ ပြသာနာနဲ့တွေ့ကြုံနေရသူကတော့ ကိုယ်ဟာ သနားစရာကောင်းတယ်လို့ ထင်နေပြီး သူတပါးရဲ့စာနာထောက်ထားတာကို ခံယူချင်တယ်ဆိုရင်တော့ မှားနေပါပြီ။
လူတွေကို ရှောင်ပြီး ဘယ်သူ့ကိုမှ မယုံပါ။
အောင်မြင်နေသောသူဆိုတာ လူအချို့ကိုတော့ ယုံကြည်ပါတယ်။ ပထမဆုံးတွေ့တဲ့လူပဲဖြစ်ဖြစ်၊ ဘယ်လိုလူပဲဖြစ်ဖြစ် ပြေပြေလည်လည် ဆက်ဆံနိုင်ပါတယ်။ ပြောင်းပြန် ပြန်စဉ်းစားရင်တော့ မအောင်မြင်သူကတော့ ဘယ်သူ့ကိုမှ မယုံကြည်ပါ။ ကံမကောင်းတာက ကိုယ်ပျော်မွေ့တဲ့ လောကကြီးထဲမှာပဲ၊ အမြဲတမ်းကျင်လည်နေတဲ့ လောကထဲမှာပဲ အချိန်ကုန်နေလို့ပါ။
အမြဲတမ်း မကောင်းတဲ့ဘက်ကိုပဲ တွေးနေမိတယ်။
လောကကြီးက တရားမျှတတာတွေက ရှိချင်မှရှိမှာပါ။ ဒါတွေကို အမြဲအပြစ်ရှာပြီး လိုက်ထောက်နေရင်တော့ ကောင်းတဲ့အလုပ်လို့တော့ မထင်ပါ။ မကောင်းတာတွေကိုချည်းပဲ ပြောနေရင်တော့ ကိုယ့်ရဲ့အနားမှာ ဘယ်သူမှလည်း ရှိတော့မှာ မဟုတ်ပါ။
ပတ်ဝန်းကျင်နဲ့ အမြဲ နှိုင်းယှဉ်ပြီး မနာလိုဖြစ်နေတယ်။
မအောင်မြင်သောသူက ကိုယ့်ရဲ့ ကံကောင်းခြင်းတွေကို အခြားသောသူက လုယူနေတယ်လို့ ထင်နေပါတယ်။ အောင်မြင်နေသောသူကို ထိုင်ပြီး သဘောကျနေပြီး မနာလိုစိတ်တွေ၊ ဒေါသတွေက သူ့စိတ်ကို အချိန်ယူထားမှာပါ။ တဖက်မှာ၊ အောင်မြင်နေသောသူကတော့ လက်ရှိအခြေအနေကို လက်ခံပြီး ကိုယ့်ရဲ့ ဘဝလေးက ပျော်စရာကောင်းတယ်၊ ပြည့်စုံနေတယ်လို့ စဉ်းစားနေတာပါ။ နောက်ပြီး ကိုယ်ဟာ တစ်လောကလုံးမှာ တစ်ယောက်တည်းရှိပြီးတော့
အနာဂတ်ကိုလည်း ယုံကြည်နေသောသူပါ။
ကိုယ့်ဘဝရဲ့ အချိန်တွေအားလုံးကို ထိန်းချုပ်ရန် ကြိုးစားနေခြင်းက မှားပါတယ်။
မအောင်မြင်သောသူဆိုတာ ဘဝရဲ့ ရည်မှန်းချက်တွေကို အောင်မြင်ရန်အတွက် ကိုယ့်ရဲ့အချိန်တွေ အားလုံးကို ကိုယ်ကပိုင်တယ်လို့ ထင်ထားသူပါ။ ဘဝလမ်းခရီးမှာ အကွေ့အကောက်တွေများပါတယ်။ အားလုံးဟာ ထင်သလိုမဖြစ်သလို၊ မထင်မှတ်ပဲ ဖြစ်လာတဲ့အရာတွေလည်း အများကြီးရှိပါတယ်။ အောင်မြင်သောသူဆိုတာ ဘဝရည်မှန်းချက်ပန်းတိုင်ကို မရောက်ရောက်အောင် ကြိုးစားနေချိန်မှာ အခက်အခဲတွေနဲ့ ကြုံပင်မဲ့လည်း မလျှော့သောဇွဲနဲ့ ကြိုးစားနေသူပါ။ တကယ်အရေးကြီးသောအချက်ကတော့ သူ့ရဲ့အချိန်တွေအားလုံးကို သူမပိုင်ဆိုင်ပါ။ အချို့အချိန်တွေကို ပေးဆပ်ရမှာပါ။ ဒါဟာ သဘာဝပါ။ ဖြစ်လာတဲ့ အခြေအနေအပေါ်မှာ ပျော့ပျော့ပြောင်းပြောင်း စဉ်းစား ဆုံးဖြတ်နိုင်ရမှာပါ။
ကြောက်စိတ်တွေ၊ စိုးရိမ်မှုတွေနဲ့ လွှမ်းမိုးခံနေရတယ်။
မအောင်မြင်သောသူဟာ မလုပ်ရသေးတဲ့ ကိစ္စကို မဖြစ်နိုင်ဟု စပြီးပြောလေ့ရှိပါတယ်။ စိတ်ထဲမှာ မဖြစ်နိုင်ဘူး၊ စိုးရိမ်စိတ်တွေက အနှောက်အယှက်ပေးနေမှာပါ။ အောင်မြင်သောသူကတော့ ရည်မှန်းချက်အတွက် ကြိုးစာနေရတဲ့အတွက် ရည်မှန်းချက်တွေကို တွေးပြီး ပျော်နေသူပါ။
ပြောနေတဲ့စကားတွေက အတိတ်ကအကြောင်း၊ သူများမကောင်းကြောင်းပါ။
မအောင်မြင်သောသူကတော့ အတိတ်က အကြောင်းတွေကို ထပ်ခါတလဲလဲ ရေဒီယိုလို ပြောနေမှာပါ။ ပြောစရာ စကားကုန်သွားရင်တော့ သူတပါး မကောင်းကြောင်းကို စမှာပါ။ အောင်မြင်သောသူဆိုတာ လက်ရှိရည်မှန်းချက်၊ အနာဂတ်အတွက် ရည်မှန်းချက်ကို ပြောလေ့ရှိပါတယ်။ သူကိုယ်တိုင် သူတပါးကို ရည်မှန်းချက်တွေကို ပြောပြလိုက်ခြင်းဟာ လုပ်ကိုလုပ်ရမယ်လို့ ကြောငြာလိုက်ခြင်းပင် ဖြစ်သောကြောင့် အောင်မြင် ပြီးမြောက်အောင် လုပ်လေ့ရှိပါတယ်။
Credit: Chelmo Team
Saturday, June 27, 2015
"လောကကြီးကို အပြစ်တင်နေတဲ့သူများ၏ တူညီချက်များ"
Labels:
အတွေးအမြင်
Location:
Lewe, Republic of the Union of Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment