Tuesday, June 23, 2015

"အမျိုးသမီး (၁၀၀၀) ကို တစ်ပြိုင်တည်း မျက်နှာသန့်ရှင်းမှုပြုလုပ်ပေး"

"အမျိုးသမီး (၁၀၀၀) ကို တစ်ပြိုင်တည်း မျက်နှာသန့်ရှင်းမှုပြုလုပ်ပေး"

ဘောလုံးကွင်းကြီး တစ်ကွင်းမှာ အမျိုးသမီး (၁၀၀၀) လောက်ကို မျက်နှာနဲ့ ပတ်သက်တဲ့ အလှပြင်မှု လုပ်ကိုင်ပေးနေတာကြောင့် ထူးခြားစိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ တရုတ်နိုင်ငံ အရှေ့ပိုင်း ဂျီနန် အရပ်ဒေသမှာ ဒီအစီအစဉ်ကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာ့စံချိန်တစ်ခု ဖြစ်သွားခဲ့ပြီး လူအများအပြားကို တစ်နေရာတည်းမှာ မျက်နှာနဲ့ ပတ်သက်တဲ့ အလှပြင်မှုပြုလုပ်ခြင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ဒီအစီအစဉ်ကို ပြုလုပ်ရာမှာ အခက်အခဲများစွာ ရှိခဲ့ပါတယ်။ အမျိုးသမီး (၁၀၀၀) ကို တစ်နေရာတည်းမှာ မျက်နှာအလှပြင်ပေးဖို့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အလှပြင်ပေးသူတွေဟာ ပရော်ဖက်ရှင်နယ်တွေ ဖြစ်ကြပြီး အကောင်းဆုံး မျက်နှာပြင်ဆင်မှုတွေကို ပြုလုပ်ပေးခဲ့ပါတယ်။ မျက်နှာကို ဆေးရာမှာ သာမန်မပာုတ်ဘဲ အလှပြင်ဆိုင်မှာ ရရှိနိုင်တဲ့ ၀န်ဆောင်မှုမျိုး ပေးခဲ့ခြင်းဖြစ်ပါတယ်။ မျက်နှာဆေးရာမှာ အဆင့်လေးဆင့်ပါဝင်တဲ့ ၀န်ဆောင်မှုကို ပေးခဲ့ခြင်းဖြစ်ပါတယ်။ ယခင်စံချိန်က  ၂၀၁၄ အိန်္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့မှာ တင်ရှိခဲ့တာ ဖြစ်ပြီး လူပေါင်း (၂၈၉) ဦးနဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။၂၀၁၅  ဇန်န၀ါရီအစောပိုင်းမှာလည်း ဂန်ဒေါင် ဒေသမှာ အမျိုးသမီး (၁၂၃၁) ဦးဟာ မျက်နှာမှာ အလှပြင်တဲ့ မျက်နှာဖုံးတွေတပ်ဆင်ပြီး စံချိန်တင်နိုင်အောင် ပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။


Credit: messenger


No comments:

Post a Comment