"မိန်းမ အယောက် ၁၀၀ ရှိတဲ့ ဘုရင်"
ဘုရင်လို့ ခေါ်ပါတယ်။ သူတို့ရဲ့ဘုရင် ဒုတိယမြောက် ဖွန်အဘန်ဘီမှာ လက်ရှိပေါင်းသင်းဆက်ဆံနေတဲ့ မိန်းမပေါင်း အယောက် ၁၀၀ ရှိပါတယ်။ သူဟာ ကင်မရွန်းနိုင်ငံ အရှေ့မြောက်ဘက်က ပြည်နယ်တစ်ခုဖြစ်တဲ့ ဘာဖွတ်ဒေသကို အပိုင်စားရထားပါတယ်။ ၁၆ နှစ်သားကတည်းက ဘုရင်ဖြစ်လာသူ ဖွန်အဘန်ဘီဟာ ခုဆို ဘုရင့်သက်တမ်း ၄၇ နှစ်တောင် ရှိလာပါပြီ။
သားသမီးတွေအနေနဲ့တော့ အယောက် ၅၀၀ ကျော်လောက် ရှိနိုင်ပါလိမ့်မယ်။ ဒါဟာ သူတို့ရဲ့ ရိုးရာပါ။ ကင်မရွန်းအစိုးရက မိန်းမအများကြီးရှိတာကို ရိုးရာတစ်ရပ်အနေနဲ့ သတ်မှတ်ပါတယ်။
ဘုရင်ကြီး (သူ့အဖေ) ဆုံးပါးသွားပြီးတဲ့နောက်ပိုင်း ၁၉၆၈ ခုနှစ်မှ သည် အဖေ့မိန်းမတွေအားလုံးကို နန်းဆက်ခံသူ ဘုရင် ဒုတိယမြောက် ဖွန်အဘွန်ဘီက ဆက်လက်ပြီး ပေါင်းသင်းပါတယ်။ ဒါဟာ ရိုးရာအစဉ်အလာပါလို့ စီအင်န်အင်န် သတင်းဌာနက ဇွန်လ ၁၇ မှာ ရေးပါတယ်။
သွားလေသူ ဘုရင်ကြီးရဲ့ အရိပ်အရာအာဏာတွေအပြင် သူ့ရဲ့ မိန်းမတွေအားလုံးကို ဆက်ခံသူဖြစ်တဲ့ သား (ဘုရင်လေး) က အမွေအဖြစ် စံစားရပါတယ်။ ဘုရင် ဖွန်အဘန်ဘီကိုယ်တိုင်ကလည်း ဘုရင့်မိန်းမအဖြစ် အခြားမိန်းမတွေကိုလည်း ထပ်ယူထားပါသေးတယ်။
မဆိုးဘူးနော့် …
ဘုရင့်မိန်းမတွေဟာ အင်္ဂလိပ်ဘာသာစကားနှင့် ပြင်သစ်ဘာသာစကားတွေကို မွှတ်နေအောင် ကျွမ်းကျင်စွာ ပြောတတ်နိုင်ရမယ့်အပြင် စီးပွားရေးဘက်မှာလည်း ကျွမ်းကျင်ပါးနပ်ဖို့ လိုအပ်ပါတယ်။ အဲ့ဒီဂုဏ်ရည်မျိုးနဲ့ ပြီးပြည့်စုံတဲ့ အမျိုးသမီးတွေသာလျှင် ဘုရင့်မိန်းမအဖြစ်ဖြင့် တင်မြှောက်ခံရပါတယ်။ ကင်မရွန်းနိုင်ငံမှာ ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်သူတွေ များလာပြီးနောက်ပိုင်း အမျိုးသားတစ်ဦးက မိန်းမများစွာ ယူခွင့်ရှိတဲ့ ရိုးရာအစဉ်အလာကို မကောင်းဘူးရယ်လို့ မြင်လာသူတွေလည်း ပေါ်လာပါတယ်။ မိန်းမတွေနဲ့ ကလေးတွေရဲ့ စားဝတ်နေရေးကြောင့် ပင်ပန်းမှုတွေ ပိုတိုးလာတယ်လို့ စောဒကတတ်သူတွေလည်း ရှိလာပါတယ်။
ဒါပေမယ့် ဒုတိယမြောက် ဖွန်အဘန်ဘီကတော့ ဒီလိုပြောပါတယ်…. “ဒါဟာ ကျုပ်တို့ရဲ့ ရိုးရာယဉ်ကျေးမှုဖြစ်တယ်။ ရိုးရာယဉ်ကျေးမှု အစဉ်အလာမရှိတဲ့ လူမျိုးဟာ လူမဟုတ်ဘူး… တိရိစ္ဆာန် ဖြစ်တယ်”။ လည်းကောင်းက ရိုးရာအစဉ်အလာကို စွန့်လွှတ်ဖို့ စိတ်ကူးမရှိကြောင်းလည်း ပြောပါတယ်။ အဘန်ဘီက ခေတ်ရေစီးကြောင်းကို အမှီလိုက်နိုင်သူနဲ့ ခေတ်ပညာတတ်အဖြစ်လည်း သူ့ကိုယ်သူ ခံယူထားသူ ဖြစ်ပါတယ်။
အပြောင်းအလဲတွေ မြန်ဆန်လွန်းလှတဲ့ ခုလိုခေတ်ကြီးမှာ ဘုရင်လုပ်ဖို့ဆိုတာက ပညာတတ် ဖြစ်မှပဲ ရမှာပါ။ ပညာသည် အလင်းဖြစ်ပြီး ဗဟုသတမဲ့ခြင်းသည် အမှောင်ထုဖြစ်တယ်လို့ ဘုရင်အဘန်ဘီက ပြောပါတယ်။
Ref;
http://globalchinnews.org/articles/theihtlei/africa-fon.html
http://edition.cnn.com/2015/06/17/africa/the-king-with-100-wives-cameroon/index.html
Credit: John Tin Oke
No comments:
Post a Comment