"အော့အန်ချင်စိတ် သက်သာစေဖို့ လက်ဖျံနှိပ်နယ် ကုသနည်း"
နေထိုင်မကောင်းတဲ့အခါ အော့အန်ချင်စိတ်တွေ ဖြစ်တတ်တာမျိုး ကြုံဖူးကြမှာပါ။ ဒီလိုအခြေအနေမျိုးမှာ အဲ့ဒီဆိုးရွားတဲ့ ခံစားချက်ကို ဘယ်လိုခုခံကာကွယ်မယ်လဲဆိုတာ သိထားဖို့ သင့်လှပါတယ်။ နှိပ်နယ်ကုထုံးက အော့အန်ခြင်းကို ကာကွယ်ဖို့ အမြန်ဆုံးနဲ့ သဘာဝအကျဆုံး နည်းလမ်းဖြစ်ပါတယ်။
လိုအပ်တာတွေကတော့
အော့အန်ချင်စိတ် ပြယ်စေဖို့ရန်အတွက် နှိပ်နယ်ပေးဖို့ လိုအပ်တဲ့နေရာတွေကတော့ လက်ဖျံ၊ လက်ကောက်ဝတ် အတွင်းပိုင်းပဲ ဖြစ်ပါတယ်။ P6 point လို့ခေါ်တဲ့ လက်ခေါက်ရိုးကနေ လက်နှစ်လုံးစာ အကွာအဝေးနေရာကို တိုင်းတာပြီး လက်မ သို့မဟုတ် လက်ချောင်းတွေနဲ့ နှိပ်နယ်ပေးပါ။ ဒီနေရာကို လှုံ့ဆော်ပေးခြင်းဖြင့် ဦးနှောက်ဆီ အချက်ပြမှုတစ်ခု ပေးပို့လိုက်သလိုဖြစ်ပြီး ခန္ဓာကိုယ် အာရုံကြောဆိုင်ရာ အချက်အလက်ပေးပို့မှု စနစ်တစ်ခု စတင်ထုတ်လွှတ်ပေးပါတယ်။
ဒီအာရုံဆိုင်ရာ အချက်အလက်ပေးပို့တဲ့ အရာတွေက ခန္ဓာကိုယ်အတွင်းရှိ ဓာတုဓာတ်ဘောကို ပြောင်းလဲပြီး အဖျားမရှိတော့ဘဲ အော့အန်ချင်စိတ်တွေ ပြယ်စေပါလိမ့်မယ်။
အချိန်တိုအတွင်း သက်သာရာ ရဖို့ရန်အတွက် လက်ခေါက် ခေါ် လက်ကောက်ဝတ်အနားက အဆစ်အား လက်နှစ်လုံးအကွာ P6 point နေရာကို ညင်ညာစွာ နှိပ်နယ်ပေးရပါမယ်။
Ref: HFS
Credit: Trend Myanmar
Monday, June 29, 2015
"အော့အန်ချင်စိတ် သက်သာစေဖို့ လက်ဖျံနှိပ်နယ် ကုသနည်း"
Labels:
ကျန်းမာရေး,
ဗဟုသုတ
Location:
Lewe, Republic of the Union of Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment