Tuesday, June 30, 2015

"သင်တွဲနေတဲ့ လက်တွဲဖော်ဟာ သင့်ရဲ့ဖူးစာရှင်အစစ် ဟုတ်မဟုတ် သိစေနိုင်တဲ့ လက္ခဏာ (၃) ရပ်"

"သင်တွဲနေတဲ့ လက်တွဲဖော်ဟာ သင့်ရဲ့ဖူးစာရှင်အစစ် ဟုတ်မဟုတ် သိစေနိုင်တဲ့ လက္ခဏာ (၃) ရပ်"

ကိုယ့်ဖူးစားရှင်အစစ်နဲ့ ဆုံစည်းဖို့  ကျွန်ုပ်တို့ အားလုံး အိပ်မက်မက်ကြသူတွေချည်း ဖြစ်ပါတယ်။ သို့သော် တစ်ခါတစ်ရံ လွဲမှားသူ တစ်ယောက်နဲ့ အချိန်များစွာ ကုန်ဆုံးနေတတ်တာမျိုးတွေလည်း ရှိတတ်ပါတယ်။ သင်တွဲနေတဲ့ လက်တွဲဖော်ဟာ  သင်ရဲ့ တစ်ယောက်သောသူ ဟုတ်၊ မဟုတ်ဆိုတာ သိစေနိုင်တဲ့အချက် (၃) ချက်က…

(၁) စိတ်ဓာတ်တွေ ချုံးချုံးကျသွားပြီး မနာလိုဝန်တိုမှုတွေ အလိုလိုစတင် ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ သူ/သူမကို မယုံကြည်နိုင်ဘူးဆိုရင် မိမိပင်ကို အသိစိတ်ကို စိတ်ချယုံကြည်ပြီးတော့သာ ရှောင်ပြီး ထွက်ပြေးလိုက်ပါ။

(၂) သူ/သူမက သင့်မိသားစု သို့မဟုတ် မိတ်ဆွေသူငယ်ချင်းများနဲ့ အချိန်ယူဖို့ ငြင်းဆိုပါလိမ့်မယ်။ သူ/သူမက မိမိတို့ချစ်သူချင်း ဆက်ဆံရေးမှာ ဘယ်လောက်ပီပြင်မှုရှိတယ်ဆိုတာ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ပါ။

(၃) ရယ်မောတာထက် ငိုကြွေးရတဲ့ အချိန်ပိုများပါတယ်။ ရင်ခုန်စိတ်လှုပ်ရှားဖွယ် သို့မဟုတ် ပျက်စီးရန် အင်မတန် လွယ်ကူတယ်လို့ ခေါ်ဆိုကြသော ချစ်သူချင်း ဆက်ဆံရေးမှာ အချိန်တွေ ကုန်ဆုံးစေဖို့ ဘဝဟာ တိုတောင်းလွန်းပါတယ်။ အဲဒီလိုဆက်ဆံရေးမျိုးမှာ ရပ်တည်စရာ မရှိပါဘူး။ အဲဒီအတိုင်း အချိန်ကြာကြာ ကုန်ဆုံးနေဦးမယ်ဆိုရင် ရှောင်ထွက်သွားလိုက်ပါတော့။


Ref: Standardmedia

Credit: Trend Myanmar


No comments:

Post a Comment