"ကလေးရုပ်မပျောက်တဲ့ အသက်အရွယ်လိုက် ဖွံ့ဖြိုးမှုရပ်တန်းခြင်း ရှားပါးရောဂါ ခံစားနေရတဲ့ အသက် ၂၆ နှစ်အရွယ် လူငယ်"
ရှင်ဟွန်ယန်းဆိုတဲ့ ကိုရီးယားလူမျိုး အမျိုးသားတစ်ဦးဟာ ၁၉၈၉ ခုနှစ်ဖွား၊ အသက် ၂၆ နှစ်အရွယ် ရှိနေပြီဖြစ်ပေမယ့် သူ့အသံအပါအ၀င် သူ့ရုပ်ရည်ဟာ ကလေးတစ်ယောက်ပုံစံသာ ဖြစ်နေပါတယ်။ သူရဲ့ခန္ဒာကိုယ်ဟာ ဆယ်ကျော်သက် ကလေးတစ်ယောက်ရဲ့ စရိုက်လက္ခဏာတွေပဲ ရှိနေပါတယ်။
ရှင်ဟွန်ယန်းမှာ အသက်အတွက် သက်သေပြစရာ အသက်အထောက်အထား ကဒ်ရှိပါတယ်။
သူဟာ အမျိုးသမီးတစ်ဦးနဲ့ ကော်ဖီဆိုင်မှာ ဒိတ်လုပ်ဖူးပေမယ့် ထိုအမျိုးသမီးက သူ့ရဲ့ အသက်အမှန်ကို မယုံကြည်ခဲ့ပါဘူး။ သူဟာ အရွယ်ရောက် အမျိုးသားတစ်ဦးလိုပဲ ဆိုဂျူသောက်တတ်၊ နိုက်ကလပ်သွားပြီး ကတတ်ပါတယ်။
ရှင်ဟွန်ယန်းကတော့ သူဟာ Highlander Syndrome လို့ ခေါ်တဲ့ ရောဂါလက္ခဏာကြောင့် အသက်ကြီးမှု နှေးကွေးခြင်း ဖြစ်ပေါ်ခြင်း ဖြစ်ကြောင်း koreaboo.com သတင်းဌာနကို ပြောပြခဲ့ပါတယ်။
ဆေးပညာအရတော့ ဒီစကားလုံးကို တရားဝင် သတ်မှတ်ထားခြင်း မရှိသေးပါဘူး။
ဆရာတွေကတော့ ဒီလက္ခဏာကြောင့် သူအနေနဲ့ ကျန်းမာရေး ဆိုးကျိုးပြဿနာ မရှိနိုင်ဘူးလို့ ပြောပါတယ်။
ကြည်ပြာ
Credit: Trend Myanmar
Monday, June 22, 2015
"ကလေးရုပ်မပျောက်တဲ့ အသက်အရွယ်လိုက် ဖွံ့ဖြိုးမှုရပ်တန်းခြင်း ရှားပါးရောဂါ ခံစားနေရတဲ့ အသက် ၂၆ နှစ်အရွယ် လူငယ်"
Labels:
နိုင်ငံတကာသတင်း,
ဗဟုသုတ
Location:
Lewe, Republic of the Union of Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment