"အထိုင်များခြင်းဟာ သောက များလာစေနိုင်"
သင်ဟာ ထိုင်နေတဲ့အချိန်တွေမှာ သက်တောင့်သက်သာ ရှိသွားပါသလား။ ဒါပေမယ့် သင့်မှာ သောကတွေတော့ တိုးလာမှာ သေချာပါတယ်။
ဆက်တီခုံတွေပေါ်မှာ အချိန်ကြာကြာ ထိုင်ခြင်းဟာ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ရော ခန္ဓာကိုယ် ကျန်းမာရေးအတွက်ပါ ဆိုးရွားစွာ ထိခိုက်နိုင်တယ်ဆိုတာကို သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
အရွယ်ရောက်ပြီးသူတွေနဲ့ ဆယ်ကျော်သက် အချို့ကို စမ်းသပ်ကြည့်ခဲ့ရာမှာတော့ လမ်းလျှောက်ချိန်တွေအစား ကွန်ပျူတာ ဂိမ်းကစားခြင်း၊ အင်တာနက်သုံးခြင်းနဲ့ တီဗွီကြည့်ခြင်းတို့ကို ပြုလုပ်နေတဲ့ ငပျင်းတွေဟာ သောကများလာတဲ့ ဝေဒနာကို ခံစားရနိုင်တယ်ဆိုတဲ့ အဖြေကို တွေ့ရှိခဲ့ကြပါတယ်။
တစ်ကယ်တော့ သောကများတဲ့ ဝေဒနာဟာ စာမေးပွဲဖြေဆိုခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ အလုပ်သစ်မှာ စတင်ဝင်ရောက်လုပ်ကိုင်ခြင်းနဲ့ ဖျားနာခြင်းတို့လို အခြေအနေတွေရဲ့ ပုံမှန်တုံ့ပြန်မှု တစ်ခုပဲ ဖြစ်ပါတယ်။
အဲဒီလို သောကများခြင်းရဲ့ နောက်ဆက်တွဲ ရလဒ်တွေကတော့ နှလုံးခုန်နှုန်းမြန်လာခြင်း၊ အသက်ရှူရန်ခက်ခဲခြင်း၊ ကြွက်သားများ တောင့်တင်းနာကျင်ခြင်းနဲ့ ခေါင်းကိုက်ခြင်းတို့ကို ခံစားလာရနိုင်ပါတယ်။
အဲဒီကမှတစ်ဆင့် အ၀လွန်ခြင်း၊ နှလုံးရောဂါ၊ ဆီးချိုသွေးချိုနဲ့ အရိုးပွရောဂါတွေဟာလည်း အထိုင်များခြင်းကနေ ကြုံတွေ့ရတဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သုတေသီတွေဟာ အထိုင်များခြင်းရဲ့ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေကို လေ့လာကြည့်ခဲ့ကြပါတယ်။
ဒါကြောင့် သုတေသီတွေဟာ အထိုင်များခြင်းနဲ့ သောကများခြင်းတို့ကြားက ဆက်စပ်နေမှုတွေကို လေ့လာဖို့အတွက် လေ့လာမှု ၉ ခု ကို ပြုလုပ်ခဲ့ကြရာမှာတော့ လေ့လာမှု ၅ ခုအရ အပျင်းထူခြင်းဟာ သောက ပိုမိုများပြားလာခြင်းကို ဖြစ်ပေါ်စေပြီး လေ့လာမှု ၄ ခု အရတော့ ထိုင်နေချိန်များခြင်းဟာလည်း သောကတွေကို ပိုမိုများပြားလာစေတယ်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။
Credit: ThitHtooLwin
Friday, June 26, 2015
"အထိုင်များခြင်းဟာ သောက များလာစေနိုင်"
Labels:
ကျန်းမာရေး,
ဗဟုသုတ
Location:
Lewe, Republic of the Union of Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment