Thursday, June 25, 2015

"အမျိုးသားတွေရဲ့ ဒီလို အသေးအဖွဲ အပြောအဆို ပြုမူမှုတွေဟာ ချစ်သူကောင်းမလေးအတွက်တော့ ကမ္ဘာတစ်ခုလုံးစာ"

"အမျိုးသားတွေရဲ့ ဒီလို အသေးအဖွဲ အပြောအဆို ပြုမူမှုတွေဟာ ချစ်သူကောင်းမလေးအတွက်တော့ ကမ္ဘာတစ်ခုလုံးစာ"

ကိုယ်လုပ်လိုက်တဲ့ ကိစ္စရပ်သေးသေးလေးတွေက တစ်ဖက်လူအတွက် အကြီးကြီးဖြစ်နေတာမျိုးတွေ ကြုံဖူးပါသလား။ အထူးသဖြင့် ကိုယ့်ချစ်သူနဲ့ ပတ်သက်ပြီး ကိုယ်ပြောလိုက်တဲ့၊ ဂရုစိုက်ပြလိုက်တဲ့ အရာလေးတွေက ချစ်သူ ကောင်မလေးတွေအတွက်တော့ ပျော်ရွှင်သွားရတာ၊ ခံစားသွားရတာ၊ အမှတ်ရစရာဖြစ်သွားတတ်တဲ့အထိ အကျိုးသက်ရောက်မှု ရှိသွားတာမျိုးပေါ့။ ဘယ်လိုအရာမျိုးတွေက ကိုယ့်ဘက်က ပင်ပန်းတကြီး လုပ်ဆောင်စရာမလိုပဲ ကိုယ့်ချစ်သူကောင်မလေးကို ခံစားသွားစေရသလဲဆိုတော့

၁။ သူမရဲ့သူငယ်ချင်းနာမည်တွေ အားလုံး မှတ်မိနေခြင်း

တစ်ခါတစ်လေ ကိုယ့်ကောင်မလေးက သူ့သူငယ်ချင်းတစ်ယောက်အကြောင်း သုံးလေးခါမက ကိုယ့်ကိုပြောဖူးပေမယ့် ကိုယ့်ဘက်က နောက်တစ်ခါပြန်ပြောတဲ့အခါ နာမည်မမှတ်မိတာ၊ အကြောင်းအရာ မမှတ်မိတာမျိုးတွေ ဖြစ်နေတတ်ပါတယ်။ ဒါဟာ ချစ်သူပြောတဲ့စကားကို အလေးအနက်ထား အာရုံမစိုက်ခဲ့လို့ပါ၊ အဲ့ဒီလို မဟုတ်ပဲ သူပြောတဲ့ သူ့သူငယ်ချင်းနာမည်တွေကို သေချာမှတ်သား နားထောင်ထားမယ်ဆိုရင် သူလည်း ဒါကို ကျေနပ်နေပါလိမ့်မယ်။

၂။ ကိုယ်ခံစားရတာတွေကို သူမကို ပြောပြခြင်း

အမျိုးသားအများစုဟာ သူတို့ရဲ့ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း မပြောပြတတ်ကြပါဘူး။ ဒီတော့ စိတ်ဖတ်တတ်တဲ့သူ မဟုတ်တဲ့ သင့်ချစ်သူ ကောင်မလေးကလည်း သင်ဘာဖြစ်နေသလဲဆိုတာ မသိနိုင်ပါဘူး။ ဒီတော့ အတတ်နိုင်ဆုံး ဒါတွေကို ဖွင့်ပြောပြတာ အကောင်းဆုံးပါ။ သူမကလည်း သင် ဒီလိုဖွင့်ပြောတာကို သဘောကျတယ်ဆိုတာ မယုံမရှိပါနဲ့။

၃။သူမကို ဖိအားတွေ အတင်းပေးခြင်း

ဘာမဟုတ်တဲ့ကိစ္စလေးကို အပြစ်တင်တာမျိုး မလုပ်ပါနဲ့။ တစ်ခုခုဆိုရင်လည်း အတင်းလုပ်ခိုင်းတာမျိုး၊ ဖိအားပေးတာမျိုးတွေ ရှောင်ပါ။

၎။သူမစားနေကျ အရာလေးတွေကို မဝေဖန်ပဲ လိုက်လျောပေးခြင်း

ဒါကြီးပဲ ထပ်စားဦးမလို့လား၊ အအေးနောက်တစ်ခွက်သောက်ဦးမယ်၊ ဒီလိုမျိုးတွေ ပြောနေမယ့်အစား အော် ဒါကို သူ တော်တော်ကြိုက်ပါလား ဆိုတဲ့ စိတ်လေးနဲ့ နားလည်မှုပေးလိုက်ပါ။

၅။ကိုယ့်ချစ်သူရဲ့ message ကို reply လုပ်ဖို့ အချိန်အကြာကြီး မယူခြင်း

တစ်ခါတစ်လေ အလုပ်တွေရှုပ်နေလို့ ချစ်သူကောင်မလေးရဲ့ message ကို မဖတ်ပဲ တစ်နာရီလောက်ကြာမှ reply လုပ်တာမျိုးဟာ တစ်ဖက်လူအတွက် ခံစားသွားစေတဲ့အထိ ဖြစ်နိုင်ပါတယ်။ အတတ်နိုင်ဆုံး အချိန်မယူပဲ ချက်ချင်း ပြန်ပို့တာ အကောင်းဆုံးပါ။

၆။ချက်ပြုတ်ရာမှာ သူမကို ကူညီပေးခြင်း

အိမ်နောက်ဖေးကိစ္စဆိုတာ မိန်းကလေးတွေနဲ့ပဲ သက်ဆိုင်တဲ့ဆိုတဲ့ အမြင်ဟာ သိပ်ခေတ်နောက်ကျသွားပါပြီ။ အိမ်မှုကိစ္စတွေကို အတူတူခွဲဝေဆောင်ရွက်တဲ့ အမျိုးသားဟာ အမျိုးသမီးတွေရဲ့ အထင်ကြီးလေးစားမှုကို ခံရစမြဲပါ။ သူချစ်တတ်ပါလား၊ ကိုယ့်ချစ်သူ ဇနီးမယားအတွက် သူဒီလောက်ထိ လုပ်ပေးပါလားဆိုတဲ့ ကိုယ့်ချစ်သူရဲ့လေးစားခြင်းကိုလည်း ရရှိပါလိမ့်မယ်။

၇။သူမအတွက် အချိန်ပေးလျှောက်လည်ပတ်ခြင်း

သင်တို့နှစ်ယောက် ဘယ်လောက်အချိန်ကြာကြာ တွဲခဲ့တွဲခဲ့ နှစ်ဦးသား ရုပ်ရှင်အတူကြည့်တာ၊ ပန်းခြံအတူသွားတာ၊ ကားအတူလျှောက်မောင်းတာမျိုးဟာ မကြာမကြာ လုပ်ပေးဖို့ လိုကို လိုအပ်ပါတယ်။ ဒါ သင့်ချစ်သူဆီက အမှတ်တွေပိုရဖို့ အခွင့်အရေးပါပဲ။

၈။သင်ဘာလုပ်လုပ် သူမအတွက် ပိုလုပ်ပေးခြင်း

ကော်ဖီသောက်ဖို့ သွားမှာတယ်ဆိုရင်တောင် သူမအတွက် တစ်ခွက်ပိုမှာပေးခြင်း၊ သောက်ရေသွားခပ်တယ်ဆိုရင်လည်း သူမအတွက် ပိုခပ်လာပေးခြင်း စတာတွေဟာ လုပ်ဆောင်ချက်သေးသေးလေးကနေ အကြီးကြီး အမှတ်ရစေတတ်တဲ့ အရာတွေပါ။

၉။ သူမပြောချင်တဲ့စကားတွေကို နားထောင်ပေးခြင်း

အမျိုးသားတွေဟာ တကယ်တော့ ပြသနာတွေကို ဖြေရှင်းပေးနိုင်သူတွေပါ။ အထူးသဖြင့် ကိုယ့်ချစ်သူကောင်မလေးရဲ့ ပြသနာတွေကို နားထောင်ပေးပြီး အကြံဥာဏ် ပေးနိုင်သူတွေဆိုရင်လည်း မမှားပါဘူး။ ကိုယ့်ချစ်သူက သူ့အခက်အခဲ၊ ပြသနာတွေကို ဖွင့်ပြောလာတိုင်း စိတ်ရှည်ရှည်ထားပြီး နားထောင်ပေးဖို့ လိုပါတယ်။

၁၀။ရည်းစားဟောင်းရဲ့ မကောင်းကြောင်းတွေ သူမကို မပြောခြင်း

ကိုယ့်ချစ်သူကောင်မလေးကို ပိုချစ်တယ်ဆိုတာ သိစေချင်လို့ အရင်ကောင်မလေးက ဘယ်လိုမမိုက်ဘူး ဘာညာပြောလိုက်မိတယ်ဆိုရင် ဒါအမှားကြီး မှားသွားပြီလို့ ဆိုချင်ပါတယ်။ ဒါဟာ သင့်ကို အမှတ်မရစေတဲ့အပြင် သင့်ချစ်သူကောင်မလေးရဲ့ အထင်သေးခြင်းကိုတောင် ရသွားတတ်ပါတယ်။ အကောင်းဆုံးကတော့ ရည်းစားဟောင်းအကြောင်း ဟကို မဟပါနဲ့။


မေသော်

Credit: Trend Myanmar


No comments:

Post a Comment