Monday, June 22, 2015

"ချီလီ အဘွားအို ဗိုက်ထဲမှာ ထုံးဖြစ်နေသော သန္ဓေသားလေးတွေ့"

"ချီလီ အဘွားအို ဗိုက်ထဲမှာ ထုံးဖြစ်နေသော သန္ဓေသားလေးတွေ့"

အသက် (၉၀) အရွယ် ချီလီ အဘွားအိုသည် ပြီးခဲ့သည့် နှစ်ပေါင်း (၅၀) နီးပါး ထုံးခဲဖြစ်နေသော သန္ဓေသားလေးကို လွယ်ထားခဲ့ကြောင်း ဆရာဝန်များ အံအားသင့်စွာ တွေ့ရှိခဲ့ရသည်။

အဘွားအိုသည် ချော်လဲသဖြင့် ဆေးရုံ ရောက်လာပြီးနောက် ဓာတ်မှန်ရိုက်ကြည့်ရာမှတစ်ဆင့် ဗိုက်ထဲတွင် ထုံးခဲဖြစ်နေသော သန္ဓေသားလေးကို တွေ့ခဲ့ရခြင်း ဖြစ်သည်။ အဘွားအိုသည် ဆန်အန်တိုနီယိုမြို့တွင် နေထိုင်သည်။ ထုံးဖြစ်ကာ ခဲနေသော သန္ဓေသားလေးသည် ၂ ကီလို  (၄ ဒသမ ၄ ပေါင်) စာခန့်ရှိကြောင်း ဆရာဝန်များက ခန့်မှန်းထားသည်။

ကိုယ်ဝန်ဆောင်ထားစဉ် သန္ဓေသား သေဆုံးပြီးနောက် သားအိမ်အပြင်ဘက်တွင် သန္ဓေသားသည် ထုံးဓာတ်ငုံကာ ထုံးခဲအဖြစ် ရှိနေခြင်း ဖြစ်သည်။ ထိုဖြစ်စဉ်ကို လစ်သိုပီဒီယမ်ဟု ခေါ်သည်။ ထိုဖြစ်စဉ်မျိုးသည် ဖြစ်တောင့်ဖြစ်ခဲသော ကိစ္စမျိုး ဖြစ်သည်။

““သန္ဓေသားက တော်တော်ကြီးပါတယ်။ အဘွားအိုရဲ့ ၀မ်းဗိုက်တစ်ခုလုံး ပြည့်နေပါတယ်” ဟု ဆန်အန်တိုနီယိုမြို့ ဆေးရုံမှ တာဝန်ရှိသူ မာကိုဗာဂတ်စ်လာဇိုက ပြောသည်။ အဘွားအိုသည် အသက်ကြီးလှပြီ ဖြစ်သောကြောင့် ထုံးတည်နေသော သန္ဓေသားကိုထုတ်ယူရန် ခွဲစိတ်ဖို့ မဖြစ်နိုင်သဖြင့် ထိုအတိုင်းပင် ဆက်ထားကာ ချော်လဲသည့် ဒဏ်ရာကို ကုသပေးပြီး ဆေးရုံဆင်းခွင့် ပေးလိုက်ကြောင်း သိရသည်။


Credit: messenger


No comments:

Post a Comment