"ရေလွှာလျှောစီးဘုတ်မှာ (၆၆) ဦး လိုက်ပါစီးနင်းပြီး ကမ္ဘာ့စံချိန်သစ်တင်"
ရေလွှာလျှောစီးဘုတ်မှာ လူ (၆၆) ဦး တင်ပြီး စီးနင်းခြင်းဟာ အံ့အားသင့်စရာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပင်လယ်ကမ်းခြေမှာ ရေလွှာလျှောစီးဘုတ်ကို လူတစ်ဦးသာ စီးနိုင်လို့သာ ဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်ရှိ ဟန်တင်တန်ကမ်းခြေမှာ လူ (၆၆) ဦးဟာ ရေလွှာလျှောစီးဘုတ် တစ်ခုတည်းပေါ်ကိုတက်စီးပြီး ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီရေလွှာလျှောစီးဘုတ်ဟာ (၄၂) ပေအထိရှိပြီး စံချိန်သစ်တင်နိုင်ဖို့ အထူး ပြုလုပ်ထားတာ ဖြစ်ပါတယ်။
ကမ္ဘာ့စံချိန်သစ်တင်ရန် ကြိုးစားမှုကို ပရိသတ် (၅၀၀၀) ကျော်လာရောက် အားပေးကြည့်ရှုခဲ့ပါတယ်။ ဒေသခံတွေနဲ့ ရေလွှာလျှောစီး ကစားသမားတွေ ၀င်ရောက်ဆင်နွှဲခဲ့တာဖြစ်ပြီး လူ (၆၆) ဦးက ရှည်လျားတဲ့ ရေလွှာလျှောစီးဘုတ်မှာ (၁၂) စက္ကန့် ကြာအောင် စီးပြနိုင်ခဲ့ပါတယ်။ ဒါဟာ ယခင်တင်ထားတဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံ၊ ကွင်းစလန်းမှာ လူ(၄၇) ဦးစီးပြီး (၁၀)စက္ကန့် ကြာမြင့်ထားတဲ့ စံချိန်ကို (၁၀) စုနှစ်နီးပါး အကြာမှာ ချိုးဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီစံချိန်ချိုးမှုကို ဂင်းနစ်အဖွဲ့က တာဝန်ရှိသူတွေ လာရောက်ကြည့်ရှုပြီး စံချိန်ဟောင်းကို ချိုးဖျက်နိုင်ခဲ့ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။ ရေလွှာလျှောစီးဘုတ်ကို တည်ဆောက်ရာမှာ လေယာဉ် တည်ဆောက်တဲ့ အင်ဂျင်နီယာတွေကို အကူအညီ တောင်းခံပြီး ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Credit: messenger
Monday, June 22, 2015
"ရေလွှာလျှောစီးဘုတ်မှာ (၆၆) ဦး လိုက်ပါစီးနင်းပြီး ကမ္ဘာ့စံချိန်သစ်တင်"
Labels:
ဗဟုသုတ
Location:
Lewe, Republic of the Union of Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment