Sunday, June 21, 2015

အချစ်ဆိုတဲ့ သစ်ပင်တစ်ပင



အချစ်ဆိုတဲ့ သစ်ပင်တစ်ပင်ရှင်သန်လာစေဖို့ အဓိကက မေတ္တာနဲ့တူတဲ့ မြေဆီမြေသြဇာကောင်းဖို့ လိုပါတယ်။ လူတွေအနေနဲ့ကတော့ မေတ္တာပေါ့။ မေတ္တာပါမှသာလျှင် အချစ်ဆိုတဲ့အဓိပ္ပါယ်ဟာ ရေရှည်ခိုင်မြဲနိုင်မှာပါ။

ပန်းအိုးကတော့ သစ္စာလို့ အဓိပ္ပါယ်ဖွင့်ပါတယ်။ မေတ္တာရှိနေရုံနဲ့လည်း မပြီးသေးပါဘူး။ သစ္စာဆိုတဲ့ စည်းလေးလည်းရှိဖို့ လိုအပ်ပါသေးတယ်။ ဒါမှသာ အပြင်က အတိုက်အခိုက် အနှောင့်အယှက်တွေ ၀င်လို့မရမှာဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး သစ္စာရှိနေမှသာ ရေရှည်လက်တွဲလို့ရမှာပါ။ ပန်းအိုးလေးလို ပြင်ပအန္တရယ်တွေ ကာကွယ်ပေးနိုင်တာပေါ့။

အဲ့ဒီပန်းအိုးထဲကို အပင်တစ်ပင်စိုက်လိုက်ပါပြီ။ သူဟာဒီအတိုင်းရှင်သန်လာမှာလား၊ မဟုတ်ပါဘူး။ ဒီအတိုင်းထားရင် သေသွားဖို့ပဲရှိပါတယ်။ မသေဖို့ အားအင်တစ်ခုလိုတယ် အဲ့တာကတော့ ရေပါ။ ရေလောင်းပေးထာမယ်ဆိုရင် ဒီအပင်လေးဟာ ရှင်သန်လာပါလိမ့်မယ်။ ကျွန်တော်တို့အတွက် အချစ်တစ်ခု ရှင်သန်လာဖို့အတွက် အားအင်လိုပါတယ်။ အဲ့ဒီအားအင်ကတော့ ရေနဲ့ အလားသဏ္ဍာန်တူတဲ့ အားပေးမှု၊ နားလည်မှု၊ ယုံကြည့်မှုတွေပါပဲ။

နောက်တစ်ခုကတော့ သစ်ပင်တစ်ပင်အတွက် အဓိကလိုအပ်မှုဖြစ်တဲ့ နေရောင်ခြည်ပါ။ ဒီပန်းအိုးလေးမှာ အားလုံးပြီးပြည့်စုံနေသော်လည်း အိမ်ထဲမှာထည့်ထားရင် ကြီးထွားသင့်သလောက် ကြီးထွားလာမှာမဟုတ်ပါဘူး။ ထို့အတွက် နေရောင်ခြည်ကျရောက်ရာအရပ်မှာ ထားရပါမယ်။
ထို့အတူပဲ အချစ်ဆိုတဲ့ တည်ဆောက်မှုကမ္ဘာလေး လောကရဲ့အမြင့်ဆုံးနေရာထိ သွားနိုင်ဖို့အတွက် လိုအပ်သောအထောက်အပံ့တွေရဲ့ ရင်ငွေ့ကို ခိုလှုံရပါမယ်။

Credit: Lwan Lay


No comments:

Post a Comment