Monday, June 22, 2015

"ချစ်သူဆက်ဆံရေးမှာ လိုက်ဖက်ညီစေဖို့ရာ အရေးပါဆုံးလက္ခဏာ ငါးရပ်"

"ချစ်သူဆက်ဆံရေးမှာ လိုက်ဖက်ညီစေဖို့ရာ အရေးပါဆုံးလက္ခဏာ ငါးရပ်"

ချစ်သူနှစ်ဦး ရွှေလက်တွဲ မြဲကြစေဖို့ဆိုတာ နားလည်မှုဟာ အလွန်အရေးကြီးပါတယ်၊ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုဆိုတာကလည်း ရှိနေကြရမှာပါ၊ ဒီအချက်တွေပဲလားဆိုတော့ မဟုတ်ပါဘူး။ သမီးရည်းစား ချစ်သူတွေ ရေရှည်မြဲစေဖို့အတွက် မဖြစ်မနေ သိထားရမယ့် အချက်လေးတွေ ရှိနေပါသေးတယ်။ အဲ့ဒါတွေကတော့

၁။ဟာသဥာဏ်ရှိခြင်း

ဒီအချက်က အလွန်အရေးကြီးပါတယ်။ သင်ဟာ ဗဟုသုတရှိပြီး ဥာဏ်အလွန်ကောင်းချင်ကောင်းမယ်။ သင့်လက်တွဲဖော်ကို ဦးဆောင်ဦးရွက်ပြုနိုင်တဲ့ အရည်အချင်းရှိချင်ရှိမယ်။ ဒါပေမယ့် သင့်မှာ ဟာသဥာဏ်မရှိဘူးဆိုရင်တော့ သင့်တို့ရဲ့သမီးရည်းစားဆက်ဆံရေးဟာ အနည်းငယ် ပေါ့ရွှတ်ရွှတ်ဖြစ်နေတဲ့ ဟင်းအမယ်တစ်ပွဲလိုပဲ ဖြစ်နေမှာပါ။ ဘာကြောင့်လဲဆိုတော့ ဘ၀ဆိုတာဟာ အမြဲတမ်း ပန်းမွှေ့ယာ ရွှေကော်ဇော မဖြစ်နိုင်ပါဘူး။ အခက်အခဲတွေ ရင်ဆိုင်ရလာတဲ့အခါ ကိုယ်စီတစ်ဦးချင်းစီရဲ့ ဒီ ဟာသဥာဏ်လေးနဲ့ ကိုယ့်လက်တွဲဖော်ကို ဘ၀မှာပျော်လာအောင် ပံ့ပိုးပေးတာဟာလည်း အင်အားတစ်ခုပါ။ တစ်နည်းအားဖြင့် အကောင်းမြင်တဲ့ဘက်ကနေ ကြည့်ပေးခြင်း၊ ရယ်စရာ၊ ပျော်စရာစကား ပြောတတ်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ဝေဒနာ ဖြစ်လာနိုင်တဲ့ အခြေအနေမျိုးကို လျော့ပါးသက်သာစေပြီး ချစ်သူနှစ်ဦး ဆက်ဆံရေးအတွက် အဖိုးမဖြတ်နိုင်တဲ့ စရိုက်လက္ခဏာ တစ်ခုပဲဖြစ်ပါတယ်။

၂။sex ကိစ္စမှာအပြန်အလှန် နားလည်မှုရှိခြင်း

ဒီလို နားလည်မှု ရှိဖို့ဆိုတာတော့ မလွယ်တဲ့ ကိစ္စပါ။ တကယ်တော့ sex ကိစ္စဟာ အရာရာတိုင်းကို မဖြစ်စေပါဘူး။ ဒါပေမယ့် တစ်ချို့တွေအတွက်ကတော့ ပေါ့သေးသေး တွက်ထားလို့မရတဲ့ အကြောင်းအရာတစ်ခုပါ။ တစ်ချို့သော လက်ထပ်ပြီး စုံတွဲ နှစ်ဦးနှစ်ဖက် ဒီကိစ္စမှာ နားလည်မှုမရှိရင် ပြသနာဖြစ်လာနိုင်သလို ဒီအတွက်ကြောင့်ပဲ နှစ်ဦးသား သံယောဇဉ် ခိုင်မြဲသွားတာမျိုးတွေလည်း ရှိပါတယ်။

၃။အကျိုးစီးပွားမျှဝေပါ။

အမြဲတမ်း မျှဝေပေးနေရမှာတော့ မဟုတ်ပါဘူး။ ဆိုလိုတာက သူလိုအပ်တဲ့ အချိန်၊ ကိုယ်လိုအပ်တဲ့ အချိန် မျှဝေမှုအပေါ်မှာ မူတည်ပါတယ်။ ဒီလို အေးအတူ၊ ပူအမျှ မျှဝေခံစားခြင်းဟာ ချစ်သူနှစ်ဦး ဆက်ဆံရေး ပိုမိုခိုင်မြဲ ရှည်ကြာစေဖို့အတွက် အခြေခံအုတ်မြစ်ဆိုရင်လည်း မမှားပါဘူး။

၎။စွဲလမ်း နှစ်သက်မှုရှိခြင်း

ဒီအချက်က နှစ်ဦးနှစ်ဖက် အပြန်အလှန် ညီညွတ်မှုမရှိရင် တကယ့်ကို ပြဿနာ ဖြစ်ပေါ်စေနိုင်တဲ့ အချက်ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ချစ်သူနှစ်ဦးဟာ အတူတူ လုပ်ဆောင်လိုတဲ့ အရာများမှာ လိုက်ဖက်ညီပြီး စွဲလမ်းနှစ်သက်မှု ရှိဖို့လိုပါတယ်။ ဥပမာ-နှစ်ယောက်အတူတူ မိုးမြင့် မျှော်စင်ပေါ် တက်ဖူးချင်ကြသလား။ နှစ်ယောက်အတူတူ တိုက်ခေါင်မိုးပေါ်တက်ပြီး ကျောပေးထိုင်ရတာကို ပျော်ရွှင်ကြသလား။ ဒါမှမဟုတ် နှစ်ယောက်အတူတူ မိမိအလုပ်အကိုင် တိုးတက်ဖွံ့ဖြိုးရေးအတွက် ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် တိုးတက်ကြိုးစားလိုစိတ် ရှိကြသလား။ ဘ၀ရည်မှန်းချက် ပန်းတိုင်တွေဟာ ဘယ်လိုပဲ ဖြစ်နေစေဦးတော့ တစ်ယောက်ရဲ့ စွဲလမ်းနှစ်သက် စိတ်ဝင်စားမှုဟာ တစ်ယောက်ရဲ့ စိတ်ဝင်စားမှုနဲ့ လုံးလုံးလျားလျား ကွဲထွက်ပြီး အက်စက်မှုမရှိရင်တော့ ပျော်ရွှင်စရာ မကောင်းနိုင်တော့သလို တစ်ယောက်ယောက်က စွန့်ခွာထားခဲ့တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

၅။ယဉ်ကျေးမှုဆိုင်ရာ ယူဆချက်များ

တူညီတဲ့ လူမှုအသိုင်းအ၀ိုင်း၊ ယဉ်ကျေးမှု၊ ဘာသာရေး စတဲ့ အခြေအနေကလာတဲ့ စုံတွဲတွေမှာတော့ လိုက်ဖက်တူညီမှုရှိဖို့ လွယ်ကူပါတယ်။ ဒါပေမယ့်လည်း လူ့သဘာဝအရ တစ်ချို့ကလည်း မိမိနဲ့ လုံးလုံးလျားလျား တူညီမှု မရှိတဲ့ သူကမှ မိမိကို စိတ်ဝင်စားမှု ဖြစ်စေပါတယ်။ ဒီအခါ ထည့်သွင်းစဉ်းစားရမှာကတော့ မိမိအနေနဲ့ မတူညီမှုကို လက်ခံနိုင်ပြီလား။ ဒီအချက်ဟာ နှစ်ဦးသား ဆက်ဆံရေးအပေါ်မှာ ဘယ်လောက်ထိ သက်ရောက်မှုရှိနိုင်ပြီး ပျော်ရွှင်မှု ရနိုင်၊ မရနိုင် စဉ်းစားရမှာပါ။ မတူညီမှုကို အတက်နိုင်ဆုံး ညှိနှိုင်းကြိုးစားပြီးတဲ့ အချိန်မှာတောင်မှ ပျော်ရွှင်မှု တည်ဆောက်နိုင်မယ့် အခြေအနေမျိုး မရှိရင်တော့ အဆုံးသတ်ရလဒ်က စိတ်ပျက်စရာ၊ ဒေါသထွက်စရာတွေ၊ မပြေလည်မှုတွေပဲ ဖြစ်လာနိုင်မှာကို သတိပြု ဆင်ခြင်ဖို့ လိုအပ်ပါတယ်။

သို့သော်လည်း သင်တို့နှစ်ဦးလုံး ပျော်ရွှင်မှု ခံစားရရင်ဖြင့် သင်တို့ရဲ့ သက်ဆိုင်ရာ မတူကွဲပြားမှုဟာ တဖြည်းဖြည်းနဲ့ တူညီမှုဆီ ဦးတည်လာမှာဖြစ်ပါတယ်။ တွဲဖက်ညီမှုဟာလည်း ပိုပြီး အားကောင်းလာနိုင်မှာဖြစ်ပါတယ်။

ကြည်ပြာ

Credit: Trend Myanmar


No comments:

Post a Comment