"အမျိုးသမီးရန်ပွဲလုပ်မှ မိုးခေါ်နိုင်တဲ့ မက္ကဆီကိုကျေးလက်ဓလေ့"
အမျိုးသမီးတွေ သွေးထွက်သံယိုဖြစ်ကာမှ မိုးရွာလေ့ရှိတဲ့ မက္ကဆီကိုနိုင်ငံရဲ့ ကျေးလက်ဓလေ့ အယူအဆ မိုးခေါ်ပွဲတော်ကို မေလ ရောက်ချိန်တိုင်း ကျင်းပလေ့ရှိပါတယ်။ ယင်းသို့ စိတ်ဝင်စားစရာကောင်းတဲ့ ပွဲတော်ကို ဂူရီယိုပြည်နယ်၊ နန်ဟူးရွာငယ်လေးမှာ နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါတယ်။
မိုးရွာရင်ဖြင့် စိုက်ပျိုးရေးလုပ်ငန်းတွေကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်မှာဖြစ်ကာ ရွာသူ ရွာသားတွေရဲ့ စီးပွားရေးလုပ်ငန်းတွေလည်း ပြေလည်မှာဖြစ်တာကြောင့် အမျိုးသား၊ အမျိုးသမီးတွေအားလုံးက အားတက်သရောနဲ့ ပါဝင်ဆင်နွှဲကြတာ ဖြစ်ပါတယ်။
လယ်ကွင်းပြင်ကျယ်နေရာမှာ လူအများက စုရုံးဝန်းရံထားတဲ့ အလယ်ထဲမှာ အမျိုးသမီးနှစ်ဦးက တစ်ဦးကိုတစ်ဦး အပြန်အလှန် ရိုက်နှက်လုံးထွေး သတ်ပုတ်ကာ သွေးထွက်သံယိုမှု ဖြစ်စေပါတယ်။ ဘေးပတ်လည်က လူအများကလည်း ဝိုင်းပြီးအော်ဟစ် အားပေးအားမြှောက်ပြုကြတာကို တွေ့ရပါတယ်။
ထိုသို့ အမျိုးသမီးတွေအချင်းချင်း လုံးထွေးသတ်ပုတ် တိုက်ခိုက်ကြလို့ သွေးထွက်သံယို ဖြစ်လာတဲ့ သွေးတွေကို ခံယူထားပြီး သီးနှံပင်တွေစိုက်ပျိုးမယ့် လယ်ယာမြေထဲမှာ ပတ်ဖျန်းပြီး မိုးခေါ်တာပဲဖြစ်ပါတယ်။ ထူးဆန်းတဲ့ဒီပွဲရဲ့ အကြောင်းအရာက ယင်းပါပဲ။ ထိုသို့ ပွဲကျင်းပပြုလုပ်ပြီး မကြာခင်မှာပဲ မိုးခေါင်ခေါင် အနေအထားကနေ မိုး သည်းကြီးမည်းကြီး ရွာချကာ မိုးရာသီသို့ ချက်ချင်း ပြောင်းလဲသွားတာပဲ ဖြစ်ပါတယ်။
Credit: ဖိုးသူတော်
Sunday, June 28, 2015
"အမျိုးသမီးရန်ပွဲလုပ်မှ မိုးခေါ်နိုင်တဲ့ မက္ကဆီကိုကျေးလက်ဓလေ့"
Labels:
ဗဟုသုတ
Location:
Lewe, Republic of the Union of Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment