"မိမိအိမ်ထောင်ရေး အက်ကြောင်းကြီး ပေါ်နေပြီလား သိသာစေတဲ့ အချက် (၂) ချက်"
အိမ်ထောင်ရေးဆိုတာ ခက်ခဲကြမ်းတမ်းပါတယ်။ မိမိတို့ ဆက်ဆံရေး ကွာရှားရမယ့် အခြေအနေသို့ ဦးတည်နေပြီလားဆိုတာ သိရဖို့ အင်မတန်ခက်ပါတယ်။ နှစ်ယောက်လုံး ဒီအချက်နှစ်ခု မလုပ်မိဘူးဆိုရင် သိပ်စိုးရိမ်နေစရာ မလိုပါဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုသာ ဗြောင်းဆန်နေတာလား သို့မဟုတ် တကယ် အခက်အခဲရောက်နေပြီလားဆိုတာ ဆန်းစစ်နိုင်အောင် ဒီအချက်လေး (၂) ချက်ကို ပြောပြပေးချင်ပါတယ်။
(၁) ဆန့်ကျင်ဘက်သဘောထား အမြဲမပြတ် ဖြစ်ပွားခြင်း
ဆန့်ကျင်ဘက် သဘောထား မကြာခဏ ဖြစ်ပွားပြီး ချစ်သူချင်း ဆက်ဆံရေးကို မပြုပြင်နိုင်တဲ့ လက်တွဲဖော်တွေဟာ အစောကြီး ကွာရှင်းပြတ်စဲနိုင်ခြေ ရှိတယ်လို့ ဆိုပါတယ်။ အမြဲတမ်း သဘောထားချင်း ကွဲလွဲနေတာဟာ သဲဗွက်စိမ့်မြေထဲ ခြေနင်းလိုက်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ အဝင်လွယ်ပြီး ပြန်နှုတ်ရ ခက်ခဲတတ်ပါတယ်။
(၂) သဘောထားကွဲလွဲမှုတွေ မဖြေရှင်းခြင်း
စကားများရန်ဖြစ်မှု ကြေအေးစေဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုက သဘောထားကွဲခွင့် ပြုလိုက်ခြင်းလို့ ယူဆကောင်း ယူဆပါလိမ့်မယ်။ ဒါပေမယ့် ဒါ အဓိပ္ပါယ်ရှိကောင်း ရှိနိုင်ပေမယ့် သိပ်အန္တရာယ်များပါတယ်။
နောက်ပိုင်း ကွာရှင်းပြတ်စဲကြသူတွေက သဘောထားကွဲလွဲခွင့် ပေးလိုက်ခြင်းမှ ရရှိတဲ့ ရလဒ်တွေဖြစ်ပါတယ်။
ပေါ်ထွန်း
Credit: Trend Myanmar
Monday, June 22, 2015
"မိမိအိမ်ထောင်ရေး အက်ကြောင်းကြီး ပေါ်နေပြီလား သိသာစေတဲ့ အချက် (၂) ချက်"
Labels:
အိမ်ထောင်ရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment