Wednesday, June 24, 2015
"မင်းသမီးတွေကို လူရွှင်တော်ပညာသင်ပေးနေတဲ့ ဒိန်းဒေါင်"
"မင်းသမီးတွေကို လူရွှင်တော်ပညာသင်ပေးနေတဲ့ ဒိန်းဒေါင်"
ဇူလိုင် ၃ ရက်တွင် ကျရောက်မည့် အမျိုးသမီးနေ့ အထိမ်းအမှတ်အဖြစ် မင်းသမီး ခြောက်ဦး လူရွှင်တော်အဖြစ် ပါဝင်ကပြမည့် ‘အကယ်ဒမီရွှေပန်းချီ’ အငြိမ့်သည် ပရိသတ်များ ကြိုက်မည့် အစီအစဉ်ဖြစ်မည်ဟု ထင်မြင်မိကြောင်း ယင်းအငြိမ့်အစီအစဉ်အတွက် မင်းသမီးများအား လူရွှင်တော်ပညာရပ်များ သင်ကြားပေးနေသည့် ဒိန်းဒေါင်က ပြောသည်။
‘‘အမျိုးသမီးရေးရာက အကူအညီတောင်းလို့ လုပ်ပေးဖြစ်တာပါ။ မင်းသမီးတွေကို ပြက်လုံးလေးတွေ သင်ပေးတယ်။ ဂိုက် လုပ်ပေးတာပေါ့။ တစ်ခုပြီးတစ်ခု ရက်ရှည်တော့ တိုက်ပေးရတယ်။ ဒါပေမဲ့လည်း အနုပညာနဲ့ မစိမ်းကြတဲ့သူတွေဆိုတော့ လွယ်ပါ တယ်’’ ဟု ၎င်းက ပြောသည်။
ယင်းအငြိမ့်အစီအစဉ်တွင် ပါဝင်မည့် ပြက်လုံးများကို ကိုယ်တိုင်ထုတ်ထားပြီး ပွဲမကမီ ကြိုတင်မပြောနိုင်သော်လည်း ပရိသတ်များ၏ ရင်ထဲမှဆန္ဒများကို ထင်ဟပ်အောင် ပြက်လုံးထုတ်ထားကြောင်း ဒိန်းဒေါင်က ဆက်လက်ပြောကြားသည်။
ကားရိုက်များနှင့် အချိန်မပေးနိုင်သောကြောင့် ယခုအငြိမ့်တွင် ပါဝင်သရုပ်ဆောင်ရန် အကူအညီတောင်းသော်လည်း ပါဝင်ဖြစ်မည်မဟုတ်ကြောင်း ဒိန်းဒေါင်က ပြောသည်။
ယင်းအငြိမ့်အစီအစဉ်ကို ဇွန်လ ၂၇ နှင့် ၂၈ ရက် တို့တွင် အမျိုးသားကဇာတ်ရုံ၌ ကပြမည့် အမျိုးသမီးများနေ့ အထိမ်းအမှတ် ဖျော်ဖြေပွဲတွင် တင်ဆက်ပေးမည်ဖြစ်ပြီး လူရွှင်တော်များအဖြစ် ခင်ဇာခြည်ကျော်၊ စိုးမြတ်သူဇာ၊ မြတ်ကေသီအောင်၊ စိုးမိုးကြည်၊ ခိုင်သင်းကြည်နှင့် ဆုပန်ထွာတို့ ပါဝင်ကြမည်ဖြစ်သည်။
Credit: 7day daily
Labels:
အနုပညာသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment