"အမျိုးသမီးများ အတော်ဆုံး သူလျှိုဖြစ်လာနိုင်"
လန်ဒန်၊ ဇွန် ၁၉
အမျိုးသမီးများသည် ကိုယ်ချင်းစာစိတ်ရှိပြီး စည်းရုံး သိမ်းသွင်းနိုင်စွမ်း မြင့်မားသောကြောင့် ယင်းအရည်အသွေးများ နောက်တွင် ရက်စက်ကြမ်းကြုတ်မှုကို ထည့်ပေါင်းလိုက်ပါက အတော်ဆုံး သူလျှိုများ ဖြစ်လာနိုင်ကြောင်း ဗြိတိန် ထောက်လှမ်းရေးအဖွဲ့ MI5 ၏ အကြီးအကဲဟောင်း စတယ်လာရီမင်တန်က ပြောဆိုခဲ့သည်။
အမျိုးသမီး သူလျှိုများသည် အကြမ်းဖက် အဖွဲ့များအတွင်း သတင်းပေးများ ထည့်သွင်းရာတွင် အမျိုးသား သူလျှိုများထက် အောင်မြင်မှု ရနိုင်ခြေ ပိုရှိကြောင်း စတယ်လာရီမင်တန်က ပြောဆိုခဲ့သည်။ အမျိုးသမီးများသည် နားထောင်နိုင် စွမ်းရည်မြင့်မားပြီး သတင်းပေးများ ယုံကြည်လာအောင် လုပ်ဆောင်နိုင်စွမ်းလည်း ရှိနေကြောင်း ၄င်းက ပြောဆိုခဲ့သည်။
စတယ်လာသည် MI5 ၏ ပထမဆုံး အမျိုးသမီး ညွှန်ချုပ်အဖြစ် ၁၉၉၂ မှ ၁၉၉၆ ခုနှစ် အထိ တာဝန် ထမ်းဆောင်ခဲ့သည်။ MI5 ၌ စတင် တာဝန်ထမ်းဆောင်ခဲ့သည့် ၁၉၆၀ ပြည့်နှစ်များတွင် အမျိုးသမီးများသည် ဒုတိယတန်းစား နိုင်ငံသားများသာ ဖြစ်ခဲ့ပြီး သတင်းပေးများ မွေးမြူခွင့် မရခဲ့ကြောင်း ၄င်းကပြောသည်။
သတင်းများကို သိခွင့်ရှိသူ တစ်ဦးအား သတင်းပေးအဖြစ် ခိုင်းစေရန်အတွက် စည်းရုံး သိမ်းသွင်းရန် လိုအပ်သည့်အခါတွင် အမျိုးသမီးများသည် အမျိုးသားများထက် ပိုမို ထူးချွန်လေ့ ရှိကြောင်း၊ စည်းရုံး သိမ်းသွင်းမှု၊ သူတစ်ပါး ယုံကြည်လာအောင် လုပ်ဆောင်နိုင်မှုများသည် အမျိုးသမီး စွမ်းရည်များဟု ယူဆပါကြောင်း စတယ်လာက ဘက်ရှိုင်းယား ခရိုးသွန်းရှိ ၀ယ်လင်တန် ကောလိပ်၌ ပြုလုပ်ခဲ့သည့် ပညာရေး ပွဲတော်တွင် ပြောဆိုခဲ့သည်။
လူလူငြိမ်း
Credit: messenger
Friday, June 26, 2015
"အမျိုးသမီးများ အတော်ဆုံး သူလျှိုဖြစ်လာနိုင်"
Labels:
နိုင်ငံတကာသတင်း
Location:
Lewe, Republic of the Union of Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment